BEC-TERO TV

ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ်ကို ထောင်ဒဏ်ငါးနှစ်ချ

28 Sep 2017     1,273 Views


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရင်လပ်ကို နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆန် အမတော်ကြေး သုံးစွဲရာတွင် စီမံခန့်ခွဲရာ၌ ပေါ့ဆသည့်အတွက် ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရင်လပ်ကို သြဂုတ်လ ၂၅ ရက်နေ့ကစပြီး တရားစွဲဆိုခဲ့ရာ ရင်လပ်က တရားရုံးသို့လာရောက်ရန် ပျက်ကွက်ခဲ့ပြီး ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ရင်းလပ်က သူမ၏အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှိသော ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး သက်ဆင်က ဒူဘိုင်းတွင် အိမ်ဝယ်ထားကြောင်း ဖော်ပြခဲ့သည်။

၂၀၁၁ ခုနှဏ်တွင် ရင်လပ် အာဏာရခဲ့ပြီးနောက် လယ်သမားများအား အမတော်ကြေး ထုတ်ပေးခဲ့သည်။ ထို့အတွက် လယ်သမားများထံမှ ထောက်ခံမှုများရရှိခဲ့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးခဲ့ရသည်ဟု စွပ်စွဲခံခဲ့ရသည်။

သတင်း − ရိုက်တာ
 


28 Sep 2017     1,273 Views




RELATED

Most Popular of International News

Most Popular of NEWS