BEC-TERO TV

မျက်နှာပုံစံအလိုက် မျက်မှန်ရွေးနည်း

10 Jun 2015     2,099 Views


        မျက်နှာပုံစံအလိုက် မျက်မှန်ရွေးနည်း

         အရင်ဦးဆုံး ကိုယ်ရဲ့မျက်နှာဘယ်လို ပုံစံရှိတယ်ဆိုတာသိဖို့လိုအပ်ပါတယ် ။မျက်နှာမှာ ဆံပင်တွေရှိနေမယ်ဆိုရင် ဆံပင်တွေကိုစုစည်းပြီး ကိုယ့်မျက်နှာဘယ်လိုပုံစံဆိုတာဆန်းစစ်နိုင်ပါတယ်။

        အသဲပုံမျက်နှာ ပိုင်ရှင်တွေအတွက်ကတော့ Rayban မျက်မှန်အမျိုးအစားတွေ ၊ရေကူးမျက်မှန် ၊ကြောင်မျက်လုံးပုံမျက်မှန်တွေ ၊လေးထောင့်ပုံမျက်မှန်တွေဟာလဲမျက်နှာကျကိုပေါ်စေပြီးလှပစေပါတယ်။ ဘဲဥ ပုံမျက်နှာပိုင်ရှင်တွေကတော့ အပေါ်ဘက်ဝိုင်းပြီးအောက်ဘက်ချွန်တဲ့မျက်မှန် ၊လေထီးခုန်တဲ့သူတွေတက်တဲ့မျက်မှန်ပုံစံမျိုးတွေ ၊RayBan အမျိုးအစား မျက်မှန်တွေကို ရွေးလို့ရပါတယ် ။

       မျက်နှာအောက်နဲ့အပေါ်နဲ့ ရှည်တဲ့သူတွေဟာ မျက်မှန်ကို ဘေးကျယ်တဲ့နှာဒေါင့်မပါတဲ့ မျက်မှန်ပုံစံကို ရှောင်ရပါမယ်။ နဖူးကျယ်ကျယ် ၊မေးရိုးခိုင်ခိုင် ၊မေးစိချွန်တဲ့ တြိဂံ မျက်နှာ ပိုင်ရှင်တွေကတော့ အပေါ်ကနေအောက်ကိုအရောင်ဖျော့သွားတဲ့ကာလာပါတဲ့မျက်မှန်တွေ ၊ထောင့်မှန်စတုဂံ ပုံမျက်မှန်တွေနဲ့လိုက်ဖက်ပါတယ် နှာခေါင်းရိုးပေါ်မှာတော့သေချာတင်ပြီးရွေးသင့်ပါတယ် ။ခိုင်ခံတဲ့မေးရိုးတွေ ၊ကျယ်ပြန့်တဲ့နဖူး ပါးပြင် တွေပိုင်ဆိုင်ထားတဲ့ လေးထောင့်ဆန်ဆန်မျက်နှာပိုင်ရှင်တွေကတော့ ၀ိုင်းစက်နေတဲ့မျက်မှန်တွေ၊ဘောင်မပါတဲ့မျက်မှန်တွေ အကွတ်သေးသေးလေးတွေပါတဲ့ မျက်မှန်တွေကိုရွေးချယ်လို့ရပါတယ်။

      အရောင်ရွေးချယ်ရာမှာလဲ အဓိက ကိုယ်အစီးများတဲ့ဖိနပ်အရောင်နဲ့တူတာကိုရွေးချယ်သင့်ပါတယ်။မျက်မှန်ကိုင်း ရွေးချယ်ရာမှာလဲ မျက်နှာမှာအသားများများရှိတဲ့သူတွေအတွက် ကိုင်းထူထူကိုရွေးသင့်ပါတယ် ပိန်တဲ့သူတွေကတော့ ကိုင်းပါးပါးလေးကိုရွေးတာပိုလိုက်ဖက်ပါတယ်။အရောင်ရွေးရာမှာ အနက်ရောင်ကတော့ တော်တော်များများနဲ့ လိုက်ဖက်ပါတယ် ဇီးရောင်၊အညိုရောင်တွေကလဲ ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။ခေတ်ပေါ်မျက်မှန်ပုံစံတွေကို ကိုယ်နဲ့မလိုက်ဖတ်ရင်မ၀တ်သင့်ပါဘူး ဘယ်လောက်ပဲ ဒိတ်အောက်အောက် ကိုယ်နဲ့သင်တော့်လိုက်ဖက်တဲ့မျက်မှန်လေးကိုပဲ ၀တ်ဆင်သင့်ပါတယ်လို့အကြံလေးပေးချင်ပါတယ်။

 

10 Jun 2015     2,099 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style