ညီအစ်မနှစ်ဦးဖွင့်ထားတဲ့ အွန်လိုင်းက လေသန့်အရောင်းဆိုင်(ရုပ်သံ)
29 Sep 2017 1,495 Views

တရုပ်နိုင်ငံတွင် စက်မှုလုပ်ငန်းများ များပြားလာသည်နှင့်အမျှ လေကောင်းလေသန့် ရှုရှိက်ရန် လေသန့်ရှားပါးမှုပြဿနာများလည်း ကြုံတွေ့နေရသည်။ အဆိုပါ အကြောင်းကို အခြေခံပြီး ညီအစ်မနှစ်ဦးက အွန်းလိုင်းမှတစ်ဆင့် လေသန့်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချလျှက်ရှိသည်။
တရုပ်နိုင်ငံ Xining မြို့မှ ညီအစ်မနှစ်ဦးက Tibetan Plateau ဒေသမှ လေကောင်းလေသန့်များကို ပလပ်စတစ်အိပ်နှင့် စုဆောင်းကာ တစ်အိပ်လျှင် ၁၅ယွမ်ဖြင့် အွန်လိုင်းတွင် ရောင်းချနေပြီး ဝယ်သူများက လေအမျိုးအစား (တောင်တန်းက လေ၊ တောင်ကြားချိုင့်ဝှမ်းက လေ) စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်သည်။
လေသန့် တစ်အိတ်လျှင် ၁၅ ယွမ်ဖြင့်ရောင်းချပြီး လက်တစ်လောတွင် လေသန့်အိတ် ၁၀၀ ခန့် ရောင်းချပြီးကြောင်း သိရှိရသည်။ အဆိုပါလုပ်ငန်းကို စီးပွားဖြစ်ရည်ရွယ်ခြင်းမဟုတ်ပဲ မိမိတို့၏ ပတ်ဝန်းကျင်တွင် လေကောင်းလေသန့် ရှားပါးလာမှုကို လူအများ သတ်ပြုဆင်ခြင်နိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း ညီအစ်မနှစ်ဦးက ပြောကြားခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် လေသန့်ရောင်းချမှုနဲ့ ပက်သက်ပြီး တရုပ်လူမှုကွန်ယက် ဝီဘိုတွင် ညီအစ်မနှစ်ဦး၏ ရည်ရွယ်ရင်းကို ထောက်ခံသူနည်းပါးခဲ့ပြီး ဝေဖန်သူများပြားခဲ့သည်။ အွန်လိုင်းသုံးသူတစ်ဦးကမူ “အလိမ်အညာ ဈေးကွက်စီးပွားရေးပဲ။ ကမ္ဘာမြေကြီးက ပိုင်ဆိုင်ပြီး အများနဲ့ သက်ဆိုင်တဲ့ လေကို သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို အိတ်သွပ်ပြီးရောင်းနေတာ မရှက်ကြဘူးလား” စသည်ဖြင့် ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။