BEC-TERO TV

အပူလောင်ခြင်းနဲ့ပတ်သတ်တဲ့အရေးပေါ်ကုသနည်းများ

10 Jun 2015     1,786 Views


       အပူလောင်ခြင်းနဲ့ပတ်သတ်တဲ့အရေးပေါ်ကုသနည်းများ  

         အပူလောင်ခြင်းကလဲအဓိက ရေနွေးပူလောင်ခြင်း ၊နေလောင်ခြင်း ၊ဓာတုဗေဒပစ္စည်းများလောင်ခြင်းများကလဲ ပူလောင်ခြင်းနဲ့သက်ဆိုင်ပါတယ်။အပူလောင်တာနဲ့ပတ်သတ်ပြိးကိုယ့်အရေပြားရဲ့ဘယ်အတိုင်းအတာထိအပူလောင်သလဲပေါ်မူတည်ပြီးဆေးကုသမှုခံယူတာကလဲအရေးကြီးပါသေးတယ်။အပူလောင်တဲ့အခါအပူလောင်ခြင်းဟာ နည်းတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ် ဆေးကုသမှုခံယူရမှာပါ မကုသပဲထားမယ်ဆိုရင်အရေပြားလောင်ကျွမ်းမှုတွေပိုပြီးဆိုးရွားလာပြီးနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။အရေပြားရဲ့တာဝန်ဟာအဓိကအားဖြင့်ပြင်ပကပိုးမွှားတွေအထဲမရောက်အောင်ကာကွယ်ပေးထားတာဖြစ်ပါတယ်။ထိုသို့အရေပြားကလောင်ကျွမ်းသွားတဲ့အခါပြင်ပကပိုးမွှားတွေက အရေပြားထဲကိုအလွယ်တကူဝင်ရောက်လာနိုင်တာကိုသတိထားရပါမယ်။အရေပြားမှာပြင်းပြင်းထန်ထန်လောင်ကျွမ်းခဲ့မယ်ဆိုရင်အရေပြားထဲကရေဓာတ်တွေခန်းခြောက်သွားပြီးသွေးလည်ပတ်မှုစနစ်နဲ့ နှလုံးကိုပါထိခိုက်စေနိုင်ပါတယ်။ လျှပ်စစ်ဓာတ်နဲ့အပူလောင်ခြင်းဖြစ်ပေါ်လျှင်ကြွက်သားတွေထိခိုက်နိုင်ပါတယ်ကြွက်သားထိခိုက်မှုများရင် ကျောက်ကပ်ကိုပါထိခိုက်နိုင်ပါတယ်။အပူလောင်ခြင်းက လေပြွန်တ၀ိုက်မှာဖြစ်ခဲ့မယ်ဆိုရင် အသက်ရှူခြင်းမှာပြသာနာဖြစ်နိုင်တဲ့အတွက်အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ထိုကြောင့် အပူလောင်တဲ့အခါအရေးပေါ်ကုသမှုများလုပ်ပေးရပါမယ်။

      အပူလောင်တဲ့အခါ လောင်တဲ့နေရာမှာရှိနေတဲ့ ကိုယ့်ရဲ့လက်ဝတ်ရတနာဖြစ်ဖြစ် ၊အ၀တ်အထည်ဖြစ်ဖြစ် အသုံးအဆောင်ပစ္စည်းတွေကိုဖယ်ရှားပစ်ပါ။အရေပြားကိုအေးမြနေဖို့အတွက် ရေအေးနဲ့10မိနစ်ကနေ မိနစ်30 ထိလောင်းပေးထားရပါမယ် ရေအေးကရေခဲရေတော့မဖြစ်ရပါဘူးသန့်စင်တဲ့ရိုးရိုးရေအေးဖြစ်ရပါမယ်။ရေဆေးထားတဲ့အနာကို အ၀တ်နဲ့ပွတ်ဆွဲမယ်ဆိုရင်အနာတွေစုတ်ပြဲသွားတက်တဲ့အတွက် အ၀တ်သန့်သန့်လေးနဲ့ဖွဖွလေးအုပ်ပြီးရေသုတ်ပေးပါ။အနာကိုရေဆေးနဲ့ဆေးကြောသန့်စင်ပြီးရင် သန့်စင်တဲ့ပတ်တီးနဲ့ဖွဖွလေးစည်းထားပေးပါ။အပူလောင်ဒါဏ်ရာဟာ၂လက်မအောက်နည်းရင်ဆေးရုံ ၊ဆေးခန်းသွားစရာတော့မလိုပဲနဲ့ အနာကျက်ဆေးလိမ်းတာတို့ ၊အရောင်ကျဆေးသောက်တာတို့၊အကိုက်ခဲပျောက်ဆေးသောက်တာတို့လုပ်ပေးနိုင်ပါတယ်။

         မေးခိုင်ကာကွယ်ဆေးထိုးဖို့အဓိကလိုအပ်ပါတယ်။အပူလောင်ဒါဏ်ရာက ၂လက်မထက်ကျယ်ပြန့်တယ် ကြီးတယ် ဆိုရင် အထူးသဖြင့် မျက်နှာ ၊ပေါင် ၊တင်ပါး၊အဆစ်တွေမှာလောင်ကျွမ်းမယ်ဆိုရင် အပူလောင်ဒါဏ်ရာပြင်းတယ်လို့ယူဆလို့ရပါတယ်။ခြေချောင်း ၊လက်ချောင်းလေးတွေမှာမီးလောင်မှုဖြစ်ပေါ်မယ်ဆိုရင်အရေပြားကပ်သွားမှုဖြစ်စေနိုင်တဲ့အတွက်စ်တချောင်းချင်းစီကို သန့်စင်နဲ့အ၀တ်နဲ့သီးခြားစီဖုံးအုပ်ထားပေးရမှာပါ။မီးလောင်ဒါဏ်ရာကို အမြန်ပျောက်အောင်ဆိုပြီးမီးလောင်ဖုတွေကိုဖောက်ပစ်တာမျိုးကိုမလုပ်သင့်ပါဘူးရှောင်ရှားသင့်ပါတယ်။အနာကို ဆီတွေ ၊cream တွေလိမ်းပေးခြင်းကိုလဲ မပြုလုပ်သင့်ပါဘူးရှောင်ရှားရမှာပါ။အပူလောင်တဲ့အခါ ဒါဏ်ရာအကြီးအသေးပေါ်မူတည်ပြီးဆေးရုံ ၊ဆေးခန်းသွားတာ ဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ် ဒီတိုင်းထားမယ်ဆိုရင်ပိုးဝင်ပြီး အနာမကျက်ခြင်းမှ အခြားဆိုးကျိုးများပါဖြစ်ပေါ်စေနိုင်တဲံအတွက် ဂရုစိုက်သင့်ပါတယ်လို့အကြံဥာဏ်လေးပေးချင်ပါတယ်။

 

10 Jun 2015     1,786 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style