BEC-TERO TV

iPhone 8 Plus အားသွင်းစဉ် ပေါက်ကွဲထွက်

01 Oct 2017     1,259 Views


လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အသစ်ထွက်လာတဲ့ iPhone 8 ဟာ ယခင် iPhone များ ထွက်လာစဉ်ကလောက် ကျယ်ကျယ်လောင်လောင် မဖြစ်ခဲ့သလို အရောင်းအဝယ်ကလည်း ထူးထူးခြားခြား အေးနေပါတယ်။

တစ်ဖန် တရုပ်ပြည်မှာ ရောင်းချခဲ့တဲ့ iPhone 8 Plus တစ်လုံး အားသွင်းစဉ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြန်ပါတယ်။ တိုင်ဝမ်က အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့ကမှ ဝယ်ခဲ့တဲ့ iPhone 8 Plus ကို အားသွင်းစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။


ပေါက်ကွဲသွားတဲ့ iPhone ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မီးတောက်တာ၊ မီးလောင်ကျွမ်း အငွေထွက်လာတာမျိုး မရှိပေမယ့် ဖုန်းရဲ့ ရှေ့မျက်နှာပြင် ကြွတက်လာတာကို တွေ့ခဲ့ကြရပါတယ်။ ဖုန်းဘတ်ထရီ ၇၀% ရှိနေချိန်မှာ အားသွင်းခဲ့တာဖြစ်ပြီး အားသွင်းနေစဉ် သုံးမိနစ်ခန့်မှာ ပေါက်ကွဲထွက်ခဲ့တယ်လို့ ဖုန်းပိုင်ရှင် “ဝူ”ဆိုသော အမျိုးသမီးက ပြောကြားခဲ့ပါတယ်။


ဖုန်းကို Apple ဆားဗဟ်စင်တာ ပေးပို့ထားပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဖြစ်စဉ်အတိအကျကို မထုတ်ပြန်သေးပေမယ့် အခုလို ဘက်ထရီပေါက်ကွဲမှုဟာ Samsung SDI နဲ့ Amperex Technology Limited တို့ကနေ ဘတ်ထရီတွေကို Apple က မှာယူသုံးစွဲလို့ ဖြစ်တယ်လို့ ပြောဆိုမှုများရှိနေပါတယ်။
အဆိုပါ ကုမ္ပဏီနှစ်ခုလုံးဟာ Samsung Galaxy Note 7 အတွက် ဘတ်ထရီထုတ်ပေးခဲ့တာဖြစ်ပြီး Note 7 ဖုန်းများဟာ ပေါက်ကွဲမှုကြောင့် ပြန်လည်သိမ်းဆည်းခဲ့ရတဲ့အထိ ဆိုရွားခဲ့ပါတယ်။
 


01 Oct 2017     1,259 Views




RELATED

Most Popular of Special or Others

Most Popular of NEWS