ဒုရဲမှူးကြီးကတော်က တပ်ကြပ်၏ဇနီးအား လက်သီးဖြင့်ထိုးနှက်ခဲ့
02 Oct 2017 1,435 Views

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးရွှေသန်း ကတော် ဒေါ်ဖြူဖြူခိုင်က ရဲဒုတပ်ကြပ်တစ်ဦး၏ ဇနီးဖြစ်သူအား လက်သီးဖြင့်ထိုး၊ ပါးရိုက်ခဲ့သည့်အတွက် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး မကျေနပ်သဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားရာ အမှုဖွင့်ပေးခဲ့ခြင်းမရှိသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌါန သိရှိရန်ဖော်ပြထားသော သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။
(၁-၁၀-၂၀၁၇) ရက်နေ့တွင် ကျရောက်သော (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား
ကျင်းပနိုင်ရေး အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်းအတွင်း ယနေ့ (၁-၁၀-၂၀၁၇) ရက်နေ့ နံနက် ၃ နာရီအချိန်က ထမင်းချက်၊ ဟင်းချက်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးရဲမေများမှ ဝိုင်းဝန်းလုပ်ကိုင်နေကြစဉ် အချိန်အတွင်း ရဲဒုတက ခင်သန်းမောင်ရဲ့ ဇနီး ဖြစ်သူ ရဲမေမခင်ဝင်းက နောက်ကျပြီးမှ ရောက်လာခဲ့သည့် အတွက်ဟုဆိုကာ ဒုရဲမှူးကြီးရွှေသန်း၏ ကတော် ဖြစ်သူ ဒေါ်ဖြူဖြူခိုင် မှဝိုင်းဝန်း ချက်ပြုတ် လုပ်ကိုင်နေကြသည့် ရဲမေအများရှေ့တွင် လက်သီးဖြင့်ထိုးကာ ပါးရိုက်ခဲ့သည့် အတွက်မခင်ခင်ဝင်း၏ ဝဲဘက်ပါးပြင်ပေါ်တွင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပါတယ်။
ထိုကဲ့သို့ အထက်လူကြီး ကတော်ဖြစ်သူမှ လူအများရှေ့မှောက်တွင် ကိုယ်ထိလက်ရောက် ထိုးကြိတ်ပါးရိုက်ခံခဲ့ရမှုအား အမှုဖွင့်လှစ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်လှစ်ပေးခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။
အထက်လူကြီး မိန်းမဖြစ်သူက လက်အောက်ငယ်သား တပ်ဖွဲ့ဝင် ဇနီးကို ဒီလိုမျိုး ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက် စော်ကားပြုခွင့် ရှိနေပါသလား..?
ထိုကဲ့သို့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတစ်ခု ပြုလုပ်ကျင်းပနိုင်ရေး အတွက် ရဲဝန်ထမ်း မိသားစုများ ဝိုင်းဝန်းချက်ပြုတ် ပြင်ဆင်လုပ်ကိုင်နေစဉ်အတွင်း နောက်ကျမှ ရောက်လာခဲ့သည့် အကြောင်းပြချက်ဖြင့် လူအများရှေ့မှောက်တွင် မိမိလက်အောက် ငယ်သားဝန်ထမ်း တစ်ဦး၏ ဇနီးဖြစ်သူအား အထက်လူကြီး၏ ကတော် တစ်ဦးဖြစ်သူမှ ကိုယ်ထိ လက်ရောက် အနိုင်ကျင့်စော်ကားခဲ့မှုအား ပြည်ထဲရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သိရှိပြီး လိုအပ်သလို စစ်ဆေးဆောင်ရွက်ပေးနိုင်ပါရန်နှင့် ထိခိုက်နစ်နာခဲ့ရသော ကာယကံရှင် အမျိုးသမီးဖြစ်သူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ရရှိနိုင်ရေး ဓါတ်ပုံ အထောက်အထား မှတ်တမ်းများဖြင့် တင်ပြပေးလိုက်ရပါတယ်။
သတင်းရင်းမြစ် - ရွှေတံခါးမှူး ချစ်သူစာမျက်နှာ