BEC-TERO TV

မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဝမ်းကွဲ လုပ်ကြံခံရမှု စတင်စစ်ဆေး

02 Oct 2017     1,333 Views


၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မလေးရှားနိုင်ငံလေဆိပ်တွင် အဆိပ်မိ၍သေဆုံးခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲ အစ်ကိုအမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသော အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသမီး နှစ်ဦးကို ရှစ်လကြာထိန်းသိမ်းခဲ့ပြီးနောက် မလေးရှားနိုင်ငံ အမြင့်ဆုံးတရားရုံးတွင် အမှုစတင်စစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသမီးနှစ်ဦးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က သူ၏ဝမ်းကွဲအစ်ကိုကို လုပ်ကြံသတ်ဖြတ်ရန် ငါးနှစ်တာမျှစီမံခဲ့သော အစီစဉ်ထဲဝင်သွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစပိုင်အေဂျင်စီမှ ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် သံသယရှိသူဟု ယူဆခဲ့သော မြောက်ကိုရီးယားအချို့ လုပ်ကြံခံရသည့်နေ့မှာပင် နိုင်ငံထဲမှ ထွက်သွားခဲ့ကြောင်း ရဲဌါနကပြောကြားသည်။ အခြားကျန်သူများကိုလည်း ပြုံယမ်းနှင့် သံတမန်အစီစဉ်အရ နောက်ပိုင်းတွင် ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

သံသယရှိသူအဖြစ် စွပ်စွဲခံထားရသူ အမျိုးသမီးနှစ်ဦးဟာ အပြစ်ရှိကြောင်း ထင်ရှားပါက သေဒဏ်ကျခံဖွယ်ရာရှိသည်။ အဆိုပါ စစ်ဆေးမှုကို အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံ အစိုးရတို့က အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရသည်။

Siti Aisyah (အင်ဒိုနီးရှား) နဲ့ Doan Thi Huong (ဗီယက်နမ်) အမျိုးသမီးနှစ်ဦးဟာ နောင်ပြောင်တဲ့ တီဗီအစီစဉ်တစ်ခုအတွက် အလုပ်လက်ခံခဲ့ပြီး သေဆုံးသူ ကင်ဂျုံအန်ရဲ့ အစ်ကိုကို လေဆိပ်အတွင်း မျက်နှာကို လက်ကိုင်ပဝါဖြင့် အုပ်ကာ နောက်ပြောင်ရမည့် အစီစဉ်ကို ညွှန်ကြားချက်အတိုင်း တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း အဖမ်းခံခဲ့ရစဉ်က ထွက်ဆိုခဲ့ကြသည်။

Aisyah က ယခင်ကလည်း အဆိုပါအစီစဉ်မျိုးများတွင် ပါဝင်ခဲ့ဖူးပြီး တစ်ကြိမ်လျှင် ဒေါ်လာ ၁၀၀ မှ ၂၀၀ ကြားရရှိခဲ့သည့်အတွက် ဆက်လက်လုပ်ကိုင်ခဲ့ရာ ယခုလိုအဖြစ်မျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 


02 Oct 2017     1,333 Views




RELATED

Most Popular of International News

Most Popular of NEWS