BEC-TERO TV

အနုပညာအလုပ်ကို ထိခိုက်လာရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတဲ့ သင်ဇာဝင့်ကျော်

02 Oct 2017     1,760 Views


ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို လျော်ကြေးပေးပြီး အဆိုပါဇာတ်ကားကို ဆက်လက်မရိုက်ကူးတော့ပေမယ့် အခြားရုပ်ရှင်ဇာတ်ကားကြီးများနဲ့ ကြော်ငြာများဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမရဲ့အလုပ်ကို ထိခိုက်လာပြီဆိုရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။


လက်တလော ရုပ်ရှင်အနုပညာလောကမှာ အပြိုင်ဇာတ်ရုပ်များ ရိုက်ကူးလာကြပြီး အထူးသဖြင့် ရုပ်ရှင်ဇာတ်ကားကြီးများမှာ မင်းသမီးပြိုင်တွေ ပိုရိုက်လာကြတဲ့အတွက် ကိုယ်နဲ့တွဲဖက်သရုပ်ဆောင်ရမယ့် အခြားမင်းသမီး အကြီးအငယ်များလည်း ပါဝင်လာတာမို့ ဇာတ်လမ်းကို စိစစ်ပြီးမှသာရွေးချယ်ကြောင်း၊ သို့သော် တစ်ခါတစ်ရံ ခင်မင်ရင်းနှီးလို့ အကူညီတောင်လာတဲ့အခါ ရိုက်ပေးရတာမျိုးရှိပြီး ပြဿနာဖြစ်ရတဲ့ ကိစ္စဟာ အားနာတတ်တာကြောင့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဇာတ်ကားတွေကို ပိုမိုစိစစ်ရွေချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိမှာ စိုးမြတ်သူဇာနှင့် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေပြီး တီဗီကြော်ငြာနှင့် ၃ ရက်နေ့တွင် ဖားကန့်မြို့၌ သီချင်းသွားဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဓါတ်ပုံ - သင်ဇာဝင့်ကျော်FB
သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး

 


02 Oct 2017     1,760 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment