BEC-TERO TV

ကျော်ရဲအောင်က လွင်မိုးကို မိန်းမလျာကြီးတဲ့ …….?

02 Oct 2017     2,058 Views


ဒီရက်ပိုင်းအတွင်း သရုပ်ဆောင်လွင်မိုးနဲ့ ကျော်ရဲအောင်တို့ နှစ်ယောက်အပြန်အလှန် နောက်ပြောင်ပြောဆိုမှုတွေမှာ ကျော်ရဲအောင်ကလည်း

“မောင်လွင်မိုးက ဒီကိုခဏလာယောင်တာပါ၊ အပြင်အလုပ်က ဒီအလုပ်ထက် တော်တော်အခြေနေကောင်းတယ်လေ။ ခဏဝင်လာတာတောင်မှ ကိုယ့်မကောင်းကြောင်းပြောသွားသေးတယ်။ အဲဒီကောင်(ကို လွင်မိုး)ကခြောက်ကြီး၊ ဟုတ်တယ်….ဒီခန္ဓာကိုယ်ကြီးနဲ့တောင် ခြောက်နေတာ။ သူ့မိဘတွေကတော့ အပြင်မှာစီးပွားရှာပြီးသားလေးကို အနုပညာလောကထဲရောက်ပါစေလို့ သွပ်သွင်းတယ်၊ သူကတော့အနုပညာလောကထဲက ပိုက်ဆံရှာပြီး အပြင်မှာ စီးပွားရေးသွားလုပ်နေတယ်။ ဘယ်လောက်ဝမ်းရေးဆတ်တဲ့သားလဲ၊ မောင်မိုးနဲ့ မောင်သီတို့ကိုမွေးထားတဲ့ မိခင်ကိုလည်းအရမ်းသနားမိပါတယ်” (ရယ်ရယ်မောနဲ့) လို့ပြောလိုက်ပါတယ်။

“ဒါတောင် အခုနောက်တာက နည်းနည်းတော်သေးတယ် အရင်ကဆို ဒီ့ထက်ဆိုးတယ်။ ရူတင်မှာ ကားရိုက်တာထက် သူလျှောက်နောက်နေတာနဲ့ပဲ အချိန်တွေကုန်သွားတာ။ အဲဒီလိုပဲနောက်နိုင်ပါစေ၊ ပျော်နေတာမြင်ချင်ပါတယ်။ သူတို့ညီအစ်ကို နှစ်ယောက်လုံးက ဟာသသိပ်ပြောတတ်သလို အရမ်းလည်းချစ်ကြတာလေ၊ အမြဲတမ်းသတ်နေကြတာ(ရယ်လျက်)” လို့ပြောခဲ့ပါတယ်။

Soure: Oasis


02 Oct 2017     2,058 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment