BEC-TERO TV

ဗျောက်အိုး၊မီးရှူးနှင့်မီးဒုံး(ရှူးဒိုင်း)များ ရောင်းချခြင်း၊ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်း များကိုထိရောက်စွာ အရေးယူသွားမယ်

02 Oct 2017     2,042 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊နယ်မြေအေးချမ်းသာယာရေးနှင့် ပြည်သူများအထိတ်တလန့်မဖြစ်ပွားစေရေးအတွက် ၂၀၁၇ခုနှစ် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုး၊မီးရှူးနှင့်မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ပစ်ဖောက်ခြင်းများ မပြုလုပ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးနှိုးဆော်ချက်ထုတ်ပြန်လိုက် ပါတယ်။

ဒီသတိပေးနှိုးဆော်ချက်အပြည့်အစုံမှာ --

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းသတင်းကျွတ်ကာလမှာ ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးနှိုးဆော်ချက်တွေကို နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များအတွင်းတွင် ဗျောက်အိုး၊မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကိုပစ်ဖောက်မှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း၊မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့်လုံခြုံရေးတို့ကို ထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗျောက်အိုး၊ မီးရှူးနှင့်မီးဒုံး(ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။


02 Oct 2017     2,042 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS