BEC-TERO TV

ဒေါသကြီးခြင်းနှင့် ကျန်းမာရေးအန္တရာယ်

11 Jun 2015     1,991 Views


ဒေါသကြီးခြင်းအားဖြင့် ရုတ်တရက် လေဖြတ်လေငန်းဖြစ်ခြင်း နှင့် Heart attack များဖြစ်တတ်ပါတယ်။ ဒေါသထွက် ပေါက်ကွဲမှုများဖြစ်ပြီး ၂နာရီအတွင်းက နှလုံးကိုထိခိုက်နိုင်ချေအမြင့်ဆုံး အချိန်ပဲဖြစ်ပါတယ်။ သာမာန်လူများအတွက်ပင် ဒေါသထွက်ခြင်းက နှလုံးအတွက် အန္တရာယ်ရှိနိုင်တာကြောင့် နှလုံးရောဂါရှိသူများက ဒေါသနဲ့ပတ်သက်ပြီးအထူးပင်သတိထားသင့်ပါတယ်။

ဒေါသထွက်၊ ပေါက်ကွဲမှုများဖြစ်ပြီး ၂နာရီအတွင်းတွင် Heart attack ဖြစ်နိုင်ချေ ၅ဆနဲ့ လေသင်တုန်းဖြတ်နိုင်ချေ ၃ဆမြင့်တက်လာကြောင်း လူပေါင်းထောင်ချီ ပါဝင်ဖြေဆိုထားတဲ့ စစ်တမ်း၉ခုအရ သိရှိခဲ့ရတယ်လို့ သုတေသီအများက ဖော်ပြထားပါတယ်။ ဒေါသကြောင့် Heart attack ဖြစ်ကာ သေဆုံးသူများလည်း များစွာရှိခဲ့ပါတယ်။

ဒေါသထွက်ခြင်းကအန္တရာယ်ရှိသလို ဒေါသကိုထိန်းချူပ်ထားခြင်းကလည်း နှလုံးကိုဖိအားပေးသလိုဖြစ်တာကြောင့်

ဒေါသဖြစ်ခဲ့ရင်လည်း စိတ်ကိုလျှော့ကာ ထိန်းချူပ်ပြီး စိတ်ကိုတတ်နိုင်သမျှအမြန်ဆုံး ဖြေလျော့သင့်ပါတယ်။

 


11 Jun 2015     1,991 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style