BEC-TERO TV

အမေရိကန်ပြည်ထောင်စု လတ်ဗီးဂတ်စ်မှာရှိတဲ့ မန္တလေးဘေးဟိုတယ်နားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့

02 Oct 2017     1,382 Views


အမေရိကန်ပြည်ထောင်စု လတ်ဗီးဂတ်စ်မှာရှိတဲ့ မန္တလေးဘေးဟိုတယ်နားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲက ၁၂ ဦးဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်။ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲအချိန် လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ကျင်းပတဲ့ ကျေးလက်ဂီတ ဖျော်ဖြေပွဲတခုမှာ သေနတ်သမားကပစ်ခတ်ခဲ့တာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာကတော့ ရာနဲ့ချီတဲ့လူတွေဟာ ထွက်ပြေးနေတာကို မြင်ကြရပြီး အဲဒီဗီဒီယိုမှာ အော်တိုမက်တစ် သေနတ်နဲ့ပစ်ခတ်နေပုံတွေလည်း ပါဝင်ပါတယ်။ အနည်းဆုံး အခြားတနေရာမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ တိုက်ခိုက်သူလို့ သံသယရှိခြင်းခံရသူတဦးကတော့ သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

Credit : BBC Burmese


02 Oct 2017     1,382 Views




RELATED

Most Popular of International News

Most Popular of NEWS