BEC-TERO TV

အများပြည်သူရုံးပိတ်ရက် အလုပ်သမားသဘောတူမှ လုပ်ခနှစ်ဆပေးပြီး အချိန်ပိုဆင်းခိုင်းနိုင်

03 Oct 2017     1,781 Views


သီတင်းကျွတ်ရုံးပိတ်ရက်အဖြစ် အောက်တိုဘာ (၄)ရက်မှ (၆)ရက်ထိ တရဦးဝင်သတ်မှတ်ထားပြီး အဆိုပါရုံးပိတ်ရက်များအတွင်း အချိန်ပိုစေခိုင်ရာတွင် အလုပ်သမားက သဘောတူမှ လုပ်ခနှစ်ဆပေးကာ ဆင်းခိုင်းခွင့်ရှိကြောင်း အလုပ်ရုံအလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌါနမှ သိရှိရသည်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေများအတိုင်း အစိုးရက ပြောင်းလဲသတ်မှတ်လိုက်သည့် အများပြည်သူရုံးပိတ်ရက်များတွင် ပေးမြဲလုပ်ခ၏ နှစ်ဆကို အချိန်ပိုလုပ်ခအဖြစ် ပေးချေရမည်ဖြစ်ကြောင်း အလုပ်ရုံအလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌါနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်ပေါက ပြေကြားသည်။

ထို့ပြင် အလုပ်သမားများ သဘောမတူပဲ စေခိုင်းပါက အတင်းအဓ္ဓမခိုင်းစေမှုဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။ အလုပ်ရှင်များအနေနဲ့လည်း အစိုးရ၏ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး
 


03 Oct 2017     1,781 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS