BEC-TERO TV

မွန်ဘိုင်းဘူတာရုံတစ်ခုတွင် ခရီးသွားအချင်းချင်းတက်နင်းမှုကြောင့် လူပေါင်း (၂၂)ဦးသေဆုံး

03 Oct 2017     1,396 Views


မွန်ဘိုင်းမြို့မှာရှိတဲ့ ဘူတာရုံတစ်ခုတစ်ခုအ၀င်လှေကားရင်းမှာ ခရီးသွားအချင်းချင်းနင်းမိမှု ဖြစ်ပွားခဲ့လို့ လူပေါင်း ၂၂ ဦးသေဆုံးပြီးနောက်ထပ်လူ ၃၀ နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေကပြောပါတယ်။ဒီဖြစ်ရပ်ဟာ အယ်ဖင်စတုန်း ဘူတာရုံမှာ 
စက်တင်ဘာလ (၂၈)ရက်မနက်ခင်း ရထားစီးနင်းသူအများဆုံးရှိတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ရထားစီးမယ့် လူများနေချိန်မှာ မိုးရွာလာလို့ မိုးခိုဖို့ ကြိုးပမ်းကြရာကနေ လူအချင်းချင်း တက်နင်းခဲ့ကြတာ ဖြစ်ပါတယ်။

ခရီးသွားတွေဟာ လှေကားရင်းမှာ မိုးခိုကြဖို့ ကြိုးပမ်းရာကနေ ရှေ့ဆုံးက လူတွေက ခြေချော်လဲခဲ့လို့ အမြင့်ပိုင်းက လူအုပ်ပြိုကျပြီး အချင်းချင်းတက်နင်းမိခဲ့ကြတာ ဖြစ်တယ်လို့ အိန္ဒိယမီးရထားလမ်းဌာနပြောခွင့်ရသူက ပြောပါတယ်။သေဆုံးသူတွေဟာ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး(၈)ဦးဖြစ်ပြီး နောက်ထပ် ခရီးသည် ၃၂ ဦးလည်း ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာဆေးရုံပို့ခဲ့ရတယ်လို့ အဲဒီအရာရှိကပြောပါတယ်။ လူအုပ်ပြိုကျချိန်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ခရီးသည်တွေဟာ လူအုပ်ပိနေတဲ့ ခရီးသည်တွေကို အချင်းချင်းပြန်ပြီးဆွဲထုတ်ပေးနေတာကိုတွေ့ရပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က တရားဝင်စုံစမ်းစစ်ဆေးမှုစတင်နေပြီဖြစ်ပါတယ်။သုံးစွဲသူများပြားပြီး အဆင့်မြှင့်တင်ဖို့ လိုအပ်နေတဲ့ အိန္ဒိယမီးရထားကွန်ယက်မှာ ပုံမှန်ထက်ခရီးသွားထူထပ်တာက အခုလိုဖြစ်ရပ်တွေဖြစ်ပွားရတဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

 


03 Oct 2017     1,396 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS