BEC-TERO TV

အစားမလျှော့/လေ့ကျင့်ခန်းမလုပ်ပဲ ၀ိတ်ကျနည်းများ

11 Jun 2015     1,360 Views


မိန်းကလေးအများစုဟာ ၀ိတ်ကျချင်ပေမဲ့ လေ့ကျင့်ခန်းတို့ အစားလျှော့တာတို့ မလုပ်နိုင်ကြပါဘူး။ အချိန်မရလို့ လေ့ကျင့်ခန်းမလုပ်နိုင်တာပဲဖြစ်ဖြစ် မစားလျှော့စားဖို့မထိန်းတာပဲဖြစ်ဖြစ် ၀ိတ်လျှော့ဖို့ အခက်အခဲဖြစ်နေရင် အောက်ပါနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ပါ။

၁။ နည်းနည်းစားပြီး များများဝါးပါ။

  • အမှန်တကယ် ၀ိတ်ကျချင်တယ်ဆိုရင်တော့ အစာကိုကြေညက်အောင်ဝါးပေးရမှာဖြစ်ပါတယ်။
  • ကြေညက်ပြီးသားအစာဟာ အစာချေစနစ်ကိုလည်းကောင်းမွန်စေတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီ အသုံးပြုမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဗိုက်ဆာနေတုန်း အစားအစားလိုက်တဲ့အခါ ဗိုက်ပြည့်တယ် ဆိုတဲ့ ခံစားမှုကို မိနစ် ၂၀ကြာမှခံစားသိရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဗိုက်ဆာတယ်ဆိုပြီး အများကြီး တစ်ခါတည်းစားလိုက်တဲ့အတွက် မိနစ်၂၀အကြာမှာ ဗိုက်ပြည့်သင့်တာထက် ပိုပြီး ပြည့်အင့်နေတာကို ခံစားရမှာပါ။ ၀ိတ်လည်းလျှော့ချင်တယ် အစားလည်းမလျှော့ချင်ဘူး ဆိုရင်တော့ အစာစားတဲ့အခါမှာ ကြေညက်အောင် ဖြည်းဖြည်းမှန်မှန်ဝါးပေးပါ။ ဖြည်းဖြည်းမှန်မှန်ဝါးနေတဲ့အတွက် မိနစ်၂၀လောက်အကြာမှာ ဗိုက်ပြည့်မှုကိုခံစားရပြီး အများကြီးလည်းမစားဖြစ်တော့မှာဖြစ်ပါတယ်။ ကြေညက်အောင်ဝါးခြင်းကြောင့် ကယ်လိုရီရရှိမှုကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

၂။ ထိန်းချူပ်မှုရှိပါ။

  • အစားလျှော့စရာမလိုဘူးဆိုပေမဲ့လည်း အချိန်တိုင်း မြင်မြင်သမျှ စားနေလို့တော့ မဖြစ်သေးပါဘူး။
  • သီချင်းနားထောင်နေချိန်၊ TV ကြည့်ချိန်၊ စာကျက်ချိန်နဲ့ အလုပ်လုပ်ချိန်တွေမှာ မုန့်ပဲသရေစာစားခြင်း ကိုတတ်နိုင်သမျှရှောင်ပါ။ ထိုအချိန်များတွင် အဆီတက်စေမဲ့အစားအစာတွေလုံးဝမစားပါနဲ့။
  • လေ့လာချက်တစ်ခုအရ TVကြည့်နေချိန်မှာ သရေစာစားခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ၂၈၈ ကယ်လိုရီလောက် ပိုသွားပါတယ်။
  • သရေစာစားချင်တယ်ဆိုရင်တော့ သစ်သီးတစ်မျိုးမျိုးကိုသာ စားသုံးပေးပါ။

၃။ အစားအစာများကိုသင့်တော်ရုံထိသာချက်ပါ။

  • အစားအစာများကို အချိန်အကြာကြီး ချက်ပြုတ်ခြင်းဟာလည်းမကောင်းပါဘူး။ အချိန်ကြာသွားလို့ နူးအိ ပျော့ပြဲသွားတဲ့အခါ အစားအစာထဲမှာရှိတဲ့ အာဟာရဓာတ်တွေဟာ ဆုံးရှုံးသွားပါတယ်။ အစားအစာများကို ကျက်သည်အထိသာချက်ပြီး ကျက်ပြီးပါက မီးအပူထပ်မပေးမိရန်သတိပြုပေးပါ။

၎။ ည၈နာရီကျော်လျှင်မစားပါနှင့်။

  • ည၈နာရီကျော်အချိန်သည် အိပ်ချိန်နှင့်နီးကပ်နေသည့်အတွက် ၈နာရီကျော်ပါက အစာစားခြင်းကို ရှောင်ကြဉ်ပါ။

11 Jun 2015     1,360 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style