BEC-TERO TV

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးဘဏ် အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်လာသည့် ထိုင်းဘုရင် ၀ဇီရာလောင်ကွန်း

08 Oct 2017     1,278 Views


ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းသည် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံးဘဏ်ဖြစ်သည့် Siam Commercial Bank ၏ ရှယ်ယာ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်အတွက် Crown Property Bureau က ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ လွဲပြောင်းပြီးနောက် အဆိုပါဘဏ်၏ အဓိက ရှယ်ယာရှင် တစ်ဦးဖြစ်လာကြောင်း Nikkei Asian Review သတင်းဖော်ပြချက်အရ သိရသည်။ Securities and Exchange Commission ၏ သောကြာနေ့တွင် ၎င်းတို့၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ CPB အနေဖြင့် SCB ၏ အောက်တိုဘာ ၂ ရက်နေ့က စတော့ရှယ်ယာ ၂၁ ဒသမ ၄၇ ရာခိုင်နှုန်းမှ ၁၈ ဒသမ ၁၄ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း ဖော်ပြထားသည်။

အခြားသော SEC၏ ဖော်ပြချက်အရ CPB အနေဖြင့် စတော့ရှယ်ယာ ၃ ဒသမ ၃၃ ရာခိုင်နှုန်းအား ဘုရင် ၀ဇီရာလောင်ကွန်းထံ လွှဲပြောင်းခဲ့ကြောင်းဆိုသည်။ သို့သော်လည်း စတော့ရှယ်ယာနှုန်းနှင့် ပတ်သက်ပြီး မည်မျှပေးချေသည်ကို ကိန်းဂဏန်းမဖော်ပြထားကြောင်း ဆိုသည်။ CPB မှ တာဝန်ရှိသူတစ်ဦးအား အဆိုပါ သတင်းဌာနအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုရန် ငြင်းဆိုခဲ့ကြောင်းဆိုသည်။ SCB ၏ ရှယ်ယာ ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်အား သောကြာနေ့ ထိုင်းစတော့ရှယ်ယာ ပိတ်ဈေး ဘတ် ၁၅၁ ပေါ် အခြေခံတွက်ရာ ထိုင်းဘတ် ၁၆ ဒသမ ၉၁၉ ဘီလီယံ(ကန်ဒေါ်လာ ၅၀၇ သန်း) ခန့် ရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

CPB အနေဖြင့် ဘဏ်၏ ထိပ်တန်းရှယ်ယာရှင် နေရာတွင်ရှိနေပြီး ဘုရင်အနေဖြင့် ရှယ်ယာ တတိယအများဆုံး ရှယ်ယာရှင်ဖြစ်လာသည်။ အဆိုပါ လွှဲပြောင်းခြင်းသည် ဇူလိုင်လကထုတ်ပြန်ခဲ့သည့် Crown Property Act ဥပဒေပြင်ဆင်ချက်အရ ထွက်ပေါ်လာခြင်းဖြစ်သည်။ Crown Property Bureau အနေဖြင့် ၂၀၁၄ခုနှစ်က ဘတ် ၁ ဒသမ ၄ ထရီလီယံ ပိုင်ဆိုင်ထားပြီး ထိုင်းဘုရင်ထီးနန်းအတွက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ယခင်က Crown Property Bureau အနေဖြင့် ထိုင်းဘုရင်နှင့် တော်ဝင်မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများအား ခွဲခြားထိန်းသိမ်းရခြင်းဖြစ်ကြောင်း သိရသည်။

Credit ….The Ladies News


08 Oct 2017     1,278 Views




RELATED

Most Popular of Special or Others

Most Popular of NEWS