သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲကြည့်ရင်း ဟန်းဆက်ရဦးမယ့် ဇီးကွက်သေတ္တာ
09 Oct 2017 1,965 Views

ပဟေဋိဆန်ဆန်ဇာတ်လမ်းတွေကို ပရိသတ်က ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရလောက်အောင် ရိုက်ပြနိုင်ခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်တစ်ယောက် အခုလဲ သဲထိတ်ရင်ဖိုမှုခင်းဇာတ်လမ်းတွဲ “ဇီးကွက်သေတ္တာ” ကို ရိုက်ကူးထားပြီး အောက်တိုဘာ ၂ ရက်နေ့က MWD Documentary Channel ကနေ စတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ လူသတ်မှုတစ်ခုကို အခြေခံထားပြီး အခြားဇာတ်လမ်းများနဲ့ မတူအောင် ရိုက်ကူးတင်ဆက်ထားတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာကို မှန်းဆရခက်ပါတယ်။ တရားခံကဘယ်သူလဲဆိုတာကို ပရိသတ်ရွေးချယ်ပေးရမှာဖြစ်ပြီး အဖြေမှန်သူများကို MPT 4G ဟန်းဆက် တစ်လုံးစီချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇာတ်လမ်းတွဲ အပိုင်း၂၀ ထိ ရိုက်ကူးပြီးစီးထားပြီး ပရိသတ်တွေအနေနဲ့ ဖျော်ဖြေမှုတစ်ခုလဲဖြစ်သလို အဖြေမှန်သူများကလည်း ဆုရရှိဦးမှာ ဖြစ်တာကြောင့် အပတ်စဉ် တနင်္လာနေ့ ည ၈:၁၅ မိနစ် MWD Documentary Channel မှာစောင့်ကြည့်ပြီး ဝေဖန်မှုတွေပေးကြပါဦးလို့ ကိုညိုမင်းလွင်က တိုက်တွန်းလိုက်ပါတယ်။







