BEC-TERO TV

ဖုန်းဖြင့်ဂိမ်းဆော့လွန်း၍ မျက်စိတစ်ဖက်ကွယ်ခဲ့ရသူ

09 Oct 2017     1,745 Views


ယခင်က ဂိမ်းဆော့တယ်ဆိုတာ ကလေးတွေလုပ်တာလို့ သတ်မှတ်ကြပါတယ် လူကြီးတွေ ဂိမ်းကစားရင် ရှက်စရာတစ်ခုအဖြစ်တောင် မြင်ခံခဲ့ရပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေ ပေါ်လာတဲ့နောက်မှာတော့ ဂိမ်းဆော့တာဟာ ကြီးကြီးငယ်ငယ်အားလုံး အလိုလိုသက်ဆိုင်သွားပါတော့တယ်။


တရုပ်နိုင်ငံက အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ King of Glory ဆိုတဲ့ တရာပ်ပြည်က နာမည်အကြီးဆုံး ဒိုတာဆန်ဆန် သူရဲကောင်းတွေနဲ့ တိုက်ခိုက်ရတဲ့ ဂိမ်းကို အစွဲကြီးစွဲပြီး ကစားနေရာမှ မျက်စိတစ်ဖက် ကွယ်ခဲ့ရပါတယ်။


မိဘအိမ်မှာနေရင်း နာရီပေါင်းများစွာ စမတ်ဖုန်းနဲ့ ဂိမ်းကစားရာမှ တစ်ရက်တွင် သူမ၏မျက်စိတစ်ဖက် မမြင်ရတော့သဖြင့် ဆေးရုံသို့သွားပြခဲ့ရသည်။ ဆရာဝန်များက ချက်ချင်း အဖြေရှာမရပဲ သူမ၏မျက်လုံးကို လေးရက်ကြာစမ်းသပ်စစ်ဆေးပြီးမှ မျက်ကြည်လွှာသွေးလွှတ်ကြော ထိခိုက်ပြီး ညာဘက်မျက်စိကွယ်ခဲ့ကြောင်း သိရှိရသည်။


ယင်းကဲ့သို့အဖြစ်မျိုးမှာ အသက်အရွယ်ကြီးရင့်သူတွေမှာသာ အသက်အရွယ်ကြောင့် ဖြစ်လေ့ရှိတာကြောင့် ကုသရန်မလွယ်ကူသော အခြေအနေဖြစ်သည်။ မျက်လုံးကို အနားမပေးပဲတောက်လျှောက် အသုံးချခဲ့သည့်အတွက် မျက်စိကွယ်ခဲ့ရခြင်းဖြစ်သည်။

အလုပ်မရှိတဲ့ရက်ဆိုရင် မနက် ၆ နာရီထတယ်၊ မနက်စာစားပြီးတာနဲ့ ညနေ ၄ နာရီထိ ဆော့တော့တာပဲ။ ပြီးရင် တစ်ခုခုစားပြီး တစ်မှေးအိပ်တယ် နိုးလာရင် ပြန်ထပြီး ည ၁ နာရီထိ ကစားတယ်” လို့ သူမက ဆိုပါတယ်။ မိဘစကားကို နားမထောင်ခဲ့မိတဲ့အတွက် နောင်တရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

 


09 Oct 2017     1,745 Views




RELATED

Most Popular of Special or Others

Most Popular of NEWS