BEC-TERO TV

မျက်နှာအလှပေါ်လွင်အောင် Highlight ပြုလုပ်ခြင်း

11 Jun 2015     1,345 Views


      မျက်နှာHighlight ဆိုတာကတော့ မိမိမျက်နှာမှာ ဖုံးကွယ်ချင်တာကို ဖုံးထားပြီး  ပေါ်လွင်ချင် တဲ့နေရာကို Highlight လုပ်ပြီး အလှဖော်တာပဲဖြစ်ပါတယ်။ Highlight မှာလည်း အရောင်မျိုးစုံရှိတာကြောင့် မိမိအသားရောင်နဲ့လိုက်ဖက်တဲ့ Highlight အရောင်ကို မိတ်ကပ်ပညာရှင်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ Highlight ကိုမျက်နှာနေရာအနှံ့ပြုလုပ်နိုင်ပါတယ်။

          ပထမဆုံးအနေနဲ့ မျက်ခွံ Highlight ဆွဲခြင်းအကြောင်းကိုဖော်ပြသွားပါမယ်။ မျက်ခွံ Highlightပါက မျက်ခွံပေါ်က Hightlight အမှုန့်လေးတွေက မျက်လုံးအောက်၊ ပါးပေါ်ကိုကျလာနိုင်ပါတယ်။ အဲ့လိုမဖြစ်အောင် Hightlght ဆွဲတဲ့အခါ မျက်ခွံHighlight ဆွဲတံကို ရေအနည်းငယ်ဆွတ်ကာ မျက်ခွံပေါ်/အောက် ထောင့်များကို ဆွဲပေးပါ။ ထို့နောက် မျက်ခွံအလယ်မှာ Highlight လုပ်ပေးပါ။ မျက်ခွံအလယ်မှာ Highlightလုပ်နေစဉ် Highlight လုပ်နေတဲ့ မျက်လုံးက အောက်ကိုကြည့်နေပေးဖို့ သတိပြုပါ။

          နှုတ်ခမ်းပေါ်မှာလည်း Highlight လုပ်နိုင်ပါတယ်။ နှုတ်ခမ်းHighlight လုပ်မယ်ဆိုရင်လည်း ရေစွတ်ထားတဲ့ Brushအသေးတစ်ခုနဲ့ အပေါ်နှုတ်ခမ်း အချိုင့်နားလေးကို ဆွဲပေးပါ။ နှုတ်ခမ်းလေးက ဖောင်းဖောင်း ပြည့်ပြည့်လေးဖြစ်နေမှာဖြစ်ပါတယ်။

          နှာခေါင်းကိုHighlight လုပ်မယ်ဆိုရင်တော့ Highlightကို နှာခေါင်းရိုးတစ်လျှောက်ကို (နှာခေါင်းထိပ်မရောက်ခင်အထိ) ဆွဲချပေးပါ။ နှာခေါင်းအဆီပြန်သူတွေ၊ ချွေးထွက်သူတွေကတော့ နှာခေါင်း Highlight လုပ်ရန်မသင့်တော်ပါဘူး။

         နဖူးအလယ်တစ်ဝိုက်ကို Brush အကြီးနဲ့ သုတ်လိမ်းခြင်းဖြင့်လည်း နဖူး Highlight လုပ်လို့ရပါတယ်။ အဲ့လိုလုပ်ခြင်းဖြင့် နဖူးကိုဝိုင်းစေပြီး ငယ်ရွယ်နုပျိုမှုကို ရရှိစေနိုင်ပါတယ်။ ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်တွေအတွက်တော့ နဖူးHighlightလုပ်ခြင်းက ပိုမိုသင့်တော်ပါတယ်။

         ပါးမှာလည်း Highlight လုပ်လို့ရပါသေးတယ်။ လက်ညှိုးထိပ် (သို့) Brush အသေးဖြင့် ပါးမှာ Highlight ခြယ်ပေးပါ။ ပါးHighlight ကဘေးဘက်လှည့်မှ မြင်တွေ့ရမှာဖြစ်ပါတယ်။ အရှေ့တည့်တည့်ကြည့်စဉ် မြင်တွေ့ရတယ်ဆိုရင်တော့ Highlight များသွားတာပဲဖြစ်ပါတယ်။ သတိပြုရမဲ့တစ်ချက်ကတော့ ပါးမှာ အရေးအကြောင်းရှိသူများကတော့ Highlight မလုပ်သင့်ပါဘူး။

      မျက်ခုံးအပြင်ဘက် ၃သုံး၁ပုံနေရာမှာ ရေစိုတဲ့Brush နဲ့Highlight ဆွဲပေးခြင်းဖြင့် မျက်ခုံး Highlight လုပ်လို့ရပါသေးတယ်။ Highlight အနည်းငယ်သာထည့်ပါ။ များလွန်းပါက မျက်ခွံများတွဲကျသကဲ့သို့ မြင်တွေ့ရတတ်ပါတယ်။


11 Jun 2015     1,345 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style