စီစီတီဗီမှာပေါ်လာတဲ့ စာသင်ကျောင်းထဲက သရဲ (ရုပ်သံ)
10 Oct 2017 1,711 Views
၁၈၂၈ ခုနှစ်ထဲက တည်ထောင်ထားခဲ့တဲ့ Deerpark CBS ဆိုတဲ့ အိုင်ယာလန်နိုင်ငံက စာသင်ကျောင်းဟာ ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ပြီး သရဲအလွန်ခြောက်သော စာသင်ကျောင်းအဖြစ် လူပြောများလှပါတယ်။
ကျောင်းသားလေးတစ်ယောက်က အိမ်သာထဲမှာ ကျိတ်ပြီးငိုနေသံကြားလို့ ကျောင်းအုပ်ကြီးကို အကြောင်းကြားတဲ့အခါ သွားစစ်ခဲ့ပေမယ့် ဘယ်သူမှ မတွေ့ရဘူးလို့ ပြောခဲ့သလို ညဘက်ကျရင် ကျောင်းကြီးရဲ မီးလုံးတွေလာ မှိတ်လိုက်လင်းလိုက် ဖြစ်နေတတ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် လက်ဆုတ်လက်ကိုင် ပြနိုင်ခြင်းမရှိပဲ ပါးစပ်ပြောအနေနဲ့သာ ရှိခဲ့ပါတယ်။
အခုတော့ ကျောင်းထဲမှာ သရဲခြောက်တာကို စီစီတီဗီကနေတစ်ဆင့် မှတ်တမ်းအနေနဲ့ ဖမ်းနိုင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို အွန်လိုင်းတင်ခဲ့ရာ အချို့က နောက်နေတယ်လို့ ယူဆခဲ့ပေမယ့် ပုံရိပ်တွေအရ နောက်ပြောင်ကျီစယ်ခြင်း မဟုတ်တာကတော့ သေချာလှပါတယ်။








