BEC-TERO TV

မောင်းမကန်ကမ်းခြေကဈေးဆိုင်တန်း

12 Jun 2015     1,409 Views


မောင်းမကန်ကမ်းခြေ ကမ်းနဖူးထိပ်နားမှာရှိတဲ့ဈေးဆိုင်တန်းတွေကိုဇူလိုင် (၃၀)ရက်နောက်ဆုံးထားပြီးတော့ဖြတ်သိမ်းပေးရမယ်လိုကြားသိရပါတယ်။ဒါကတော့မောင်းမကန်ကမ်းခြေကစားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေသူတွေထံကကြားရတာဖြစ်ပါတယ်။ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးများအပါဝင်ကမ်းခြေစားသောက်ဆိုင်ပိုင်ရှင်များပါဝင်ခဲ့ပြီးတော့။မေလအတွင်းကပြုလုပ်ခဲ့သောအစည်းအဝေးမှမောင်းမကန်ကမ်းခြေ၊ကမ်းထိပ်နားမှာရှိတဲ့ဈေးဆိုင်တန်းတွေကိုဖြတ်သိမ်းဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ကမ်းခြေရဲ့သဘာဝအလှပိုမိုပေါ်လွင်အောင်ကမ်းခြေနဲ့ထိစပ်နေတဲ့ဆိုင်ခန်းတွေကိုဖြတ်သိမ်းခိုင်းခြင်းဖြစ်တယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။ဖြတ်သိမ်းရမဲ့ဆိုင်ခန်းတွေကိုလည်မူလဆိုင်နေရာအကျယ်ဝန်းအခြားနေရာမှာအစားပေးပြီတော့ရောင်းချခွင့်ပြုသွားမယ်လိုသက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားခဲ့ကြောင်းသိရပါတယ်။မောင်းမကန်ကမ်းခြေ ကမ်းနဖူးထိပ် မှာစားသောက်ဆိုင်ပေါင်း ၆၀ကျော်ရှိပါတယ်။အခုလိုဖြတ်သိမ်းရမယ်ဆို တော့အခြားသောစားသောက်ဆိုင်ပိုင်ရှင်တွေကသဘောမတူညီမူတွေရှိနေတယ်ဆိုတာလည်သိရပါတယ်။မောင်းမကန်ကမ်းခြေကတနလာင်္ရီတိုင်းထားဝယ်မြို့အတွင်းမှာတည်ရှိတာပါ။မြန်မာနိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့အပန်း ဖြေကမ်းခြေများထဲ့ကတစ်ခုအပါဝင်လည်ဖြစ်ပါတယ်။


12 Jun 2015     1,409 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS