ကလေးကို စားသောက်ဆိုင်က ပန်ကန်လုံးထဲ သေးတည်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)
11 Oct 2017 1,674 Views

တရုပ်နိုင်ငံ ပေကျင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ကလေးအား စားပွဲပေါ်က ပန်းကန်လုံးထဲ သေးပေါက်ထည့်ခိုင်းသော မိခင်၏ ဓါတ်ပုံအွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ဖြစ်စဉ်မှာ စားသောက်ဆိုင်သို့ သားအမိနှစ်ယောက် လာရောက်စားသောက်ခဲ့ပြီး မိခင်က ဖုန်းပွတ်နေစဉ် ကလေးငယ်က သေးပေါက်ချင်တယ်ဟု မိခင်အား ပြောခဲ့သည်။ သေးပေါက်ချင်သော ကလေးကို အိမ်သာသို့ ခေါ်သွားရမည့်အစား မိခင်ဖြစ်သူက စားပွဲပေါ်ရှိ စားပြီးသား ပန်းကန်လုံးအလွတ်ကို ယူကာ ကလေးကို သေးပေါက်ထည့်ရန် ပေးလိုက်ပြီး ဆက်လက်၍ ဖုန်းပွတ်နေခဲ့သည်။
ကလေးက ပန်းကန်လုံးထဲ သေးပေါက်ထည့်နေစဉ်တွင် အနီးနားစားပွဲမှ စားသောက်နေသူများ မြင်တွေ့ကာ မိခင်ဖြစ်သူကို ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။ ထိုအခါ အမျိုးသမီးက စားသောက်ဆိုင်က ဒီပန်းကန်လုံးကို ပြန်ဆေးတဲ့အခါ ပြောင်သွားမှာပဲဟု ရှင်းပြကာ ထွက်သွားခဲ့သည်။
အဆိုပါအကြောင်းအရာသည် တရုပ်လူမှုကွန်ယက် ဝီဘိုတွင် ပျံ့နှံ့သွားခဲ့ပြီး နောက်တစ်ရက်တွင် သတင်းထောက်များက အဆိုပါ စားသောက်ဆိုင်သို့ သွားရောက်ကာ ဖြစ်စဉ်ကို မေးမြန်ခဲ့သည်။ စားသောက်ဆိုင် ဝန်ထမ်းအမျိုးသမီးက အဖြစ်ပျက်မှာ မှန်ကန်ကြောင်းနှင့် သူမ ဒီစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ၁၀ နှစ်အတွင်း ဒီလိုအဖြစ်ပျက်ကို ပထမဆုံးမြင်ဖူးခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ သူတို့သားအမိ စားသောက်သွားသော ပန်ကန်လုံးများကိုလည်း ဖျက်ဆီးကာ လွှင့်ပစ်လိုက်ပြီဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ အွန်လိုင်းပေါ်မှာတော့ စားသောက်ဆိုင်တွေက ပန်းကန်လုံးတွေအပေါ် သန့်မှ သန့်ပါ့မလားလို့ သံသယဝင်နေကြဆဲပါ။