နာမည်ကျော် Waterzonic ပွဲကြီးကို မြန်မာနိုင်ငံတွင် ကျင်းပမည်
15 Oct 2017 1,365 Views
ထိုင်းနိုင်ငံတွင် အမြဲကျင်းပလေ့ရှိပြီး ပါဝင်ဆင်နွဲသူများပြားလှတဲ့ Waterzonic ရေပွဲတော်ကြီးကို ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
လာမည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏရှိ The One Entertainment Park တွင် ဖျော်ဖြေမှုများနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားပြီးလက်မှတ်များကို စတင်ရောင်ချလျှက်ရှိသည်။
Waterzonic ပွဲစီစဉ်သူတစ်ဦးက “Waterzonic ဟာ ရေတွေကြားမှာ ပျော်ပျော်ရွှင်နဲ့ ပြုလုပ်တဲ့ပွဲဖြစ်လို့ သင်္ကြန်ကို နှစ်သက်ကြသူတွေ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့ ထိုင်းနိုင်ငံကနေ တရားဝင်လိုင်စင်ရယူပြီး ကျင်းပဖို့ စီစစဉ်ခဲ့တာဖြစ်ပါတယ်။”
“Waterzonic ကို ၁၁ ရက် ၁၁ လမှာ ထူးထူးခြားခြားအမှတ်တရလေး ဖြစ်အောင် ကျင်းပသွားမှာ ဖြစ်လို့ အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။
Waterzonic ပွဲဟာ မြန်မာနိုင်ငံမှာ ပထမအကြိမ်အဖြစ် သင်္ကြန်တုန်းက မိတ်ဆက်ပွဲအဖြစ် Road to Waterzonic ပွဲသေးလေး ကျင်းပခဲ့ပြီး လူကြိုက်များခဲ့သည်။ ယခုတစ်ကြိမ်ကျင်းပမည့် ပွဲမှာ ပွဲကြီးဖြစ်ပြီး မီးရောင်စုံများရေများ သီချင်း DJ များနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပြလုပ်သွားမှာဖြစ်ပြီး ဖျော်ဖြေရေးစင်မြင့်မှာ ပေ ၂၀၀ ခန့် ကျယ်ဝန်းစွာ စီစဉ်ထားကြောင်း သိရှိရသည်။
လက်မှတ်များကို GA နဲ့ VIP Ticket အဖြစ်ခွဲခြာထားပြီး Early Bird GA Ticket အတွက် ၂၅,၀၀၀ ကျပ်သတ်မှတ်ထားပြီး No.2, Aye Yeik Mon St , Yangon ၊ ဖုန်း 09763121070 တို့ကို ဆက်သွယ်ဝယ်ယူတိုင်ကြောင်း သိရှိရသည်။
Photo:Waterzonic Facebook