BEC-TERO TV

အချက်ပေါင်း(၂၃)ချက်အလုပ်ရှင်အလုပ်သမားသဘောတူညီမှုစာချုပ်

15 Jun 2015     1,432 Views


အလုပ်ရှင်အလုပ်သမားပြဿနာအလုပ်များကိုဖြေရှင်းနိုင်ဖို့အတွက်အချက်(၂၃)ချက်ပါအလုပ်ရှင်အလုပ်သမားလုပ်ငန်းခွင်ဆိုင်ရာသဘောတူစာချုပ်ကိုပြည်တွင်းကအလုပ်ရှင်တွေထံပေးပို့ထားပြီးဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကပြောဆိုထားပါ တယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းလုပ်ငန်းတွေမှာလုပ်ငန်းအလိုက်အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်ကိုအလုပ်သမားကိုယ်စားလှယ်အသိသက်သေများရှေ့မှာလက်မှတ်ရေးထိုးဖို့အတွက်တိုင်းဒေသကြီးအစီုးရအဖွဲ့မှဆောင်ရက်ပေးနိုင်မလားဆိုတဲ့မေးခွန်းကိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကမေးမြန်းခဲ့ရာတိုင်းဒေသကြီးအစီုးရအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဇော်အေးမောင်ကလက်ရှိဆောင်ရက်ထားမှုနဲ့ပတ်သက်ပြီးပြန် လည်ဖြေကြားသွားပါတယ်။အလုပ်ရှင်တွေဆီပေးပို့ထားတဲ့စာချုပ်ထဲမှာတော့အလုပ်သမားများကိုအစမ်းခန့်ကာလကို(၃)လထက်မပိုပဲအစမ်းခန့်ကာလအတွင်းမှာလည်းအခြေခံလုပ်ခရဲ့(၇၅)ရာခိုင်နှုန်းထက်မလျော့ပဲပေးဖို့ပါဝင်တယ်လို့သိရပါတယ်။ဒ့ါအပြင်အလုပ်ချိန်ကိုလည်းတစ်နေ့ကို(၈)နာရီနဲ့တစ်ပတ်ကို(၄၄)နာရီထက်ပိုပြီးလုပ်ကိုင်စေခြင်းမပြုဖို့လည်းပါဝင်တယ်လို့ ဦးဇော်အေးမောင်ကပြောထားပါတယ်။လက်ရှိအချိန်မှာအဆိုပါစာချုပ်ကိုတော့အလုပ်ရှင်များထံပေးပိုးထားပြီးဖြစ်သလိုအလုပ်သမားများကိုလည်းစာချုပ်ကိုအသုံးပြုဖို့သတင်းစာ၊ရေဒီယိုမှတစ်ဆင့်တိုက်တွန်းထားတယ်လိုလည်းသိရှိရပါတယ်။


15 Jun 2015     1,432 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS