BEC-TERO TV

လာဘ်စားတဲ့ ဦးစီးအရာရှိအား ရာထူးလျှော့ နယ်ပြောင်းပြစ်ဒဏ်ချမှတ်

17 Oct 2017     1,549 Views


မွန်ပြည်နယ်လွှတ်တော်ရုံးတွင် အငယ်တန်းစာရေး ဝန်ထမ်းသစ်များ ခန့်အပ်စဉ်က ရွေးချယ်ခံရသည့် ဝန်ထမ်းသစ်ငါးဦးထံမှ ငွေကြေးတောင်ခံခဲ့သည့် ဦးစီးအရာရှိအား ရာထူးလျှော့ချပြီး နယ်ပြောင်းပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်လွှတ်တော်ရုံးအတွက် အငယ်တန်းစာရေးဝန်ထမ်း ကိုးဦးခန့်အပ်ခဲ့ရာတွင် ငါးဦးထံမှ လူကြီးများကန်တော့ရန်အတွက်ဟုဆိုကာ နှစ်လခစာနှင့် ညီမျှသော ကျပ်သုံးသိန်းစီကို ပြည်နယ်လွှတ်တော်ရုံးမှ ဦးစီးအရာရှိ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌါနတွင် တာဝန်ထမ်းဆောင်နေသူက တောင်းခံခဲ့သည်။

ထိုကဲ့သို့ တောင်းခံမှုကို မကျေနပ်သဖြင့် ငွေတောင်းခံရသူ ဝန်ထမ်းသစ်တစ်ဦးက မကျေနပ်သဖြင့် မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တိုင်ကြားမှုအား စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်ကြောင်းတွေ့ရှိရသဖြင့် ရာထူလျှော့ချပြီး ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြပါရှိသည်။


 

 


17 Oct 2017     1,549 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS