BEC-TERO TV

ရန်ကုန်မြို့တော်ရှိဈေးများနှစ်ထပ်ဈေးအဖြစ်အဆင့်မြှင့်တင်ရန်

16 Jun 2015     1,370 Views


ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဈေး(၁၆)ဈေးကိုနှစ်ထပ်ဈေးအဖြစ်အဆင့်မြှင့်တင်ရန်အခုဘဏ္ဍာနှစ်အတွင်းမှာငွေကျပ်(၁၀)ဘီလီယံအသုံးပြုသွားရန်ရှိတယ်လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရှိရပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းဈေးပေါင်း(၁၇၄)ဈေးရှိပြီးအဲ့ဒီထဲကမှဈေး(၁၆)ဈေးကိုပထမဆုံးအနေနဲ့အဆင့်မြှင့်တင်သွားမယ်လို့သိရပါတယ်။ဈေးတွေဟာအချိန်ကြာမြင့်လာတယ်တဲ့အတွက်ပျက်စီးမှုတွေရှိလာပြီးမြို့တော်အင်္ဂါရပ်နဲ့မကိုက်ညီတဲ့ဈေးတွေကိုအဆင့်မြှင့်သွားမှာဖြစ်ပါတယ်။အဆင့်မြှင့်တင်မှုများပြုလုပ်သွားမယ့်ဈေးများဟာမင်္ဂဒုံမြို့နယ်-ရတနာသီရိဈေး၊ လှိုင်သာယာမြို့နယ်-ရွှေရင်အေးဈေးနဲ့(၂၀)ရပ်ကွက် ဈေး၊ အင်းစိန်မြို့နယ်-ဖော့ကန်ဈေး၊ ရွှေပြည်သာမြို့နယ်-အမိုးကြီးဈေးနဲ့၊ သာကေတ-အမှတ်(၁)ဈေးနဲ့အမှတ်(၂)ဈေး၊ အလုံမြို့နယ်-အလုံဈေး၊ ကြည့်မြင့်တိုင်မြို့နယ်-လေဟာပြင်ညဈေး၊ မရမ်းကုန်းမြို့နယ်-မြဂန္ဓမာဈေး၊ ဒဂုံအရှေ့မြို့နယ်-အမှတ်(၆)ရပ်ကွက်ဈေး၊ လှိုင်မြို့နယ်-လှိုင်ဈေးကြီး၊ မြောက်ဥက္ကလာမြို့နယ်-အမှတ်(၂)ဈေးများကိုနှစ်ထပ်ဈေးဖြစ်အဆင့်မြှင့် တင်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။


16 Jun 2015     1,370 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS