ပေ ၆၀ ခန့်ရှိသော နဂါးအရိုးစုတစ်ခု ရွာသားများတွေ့ရှိ (ရုပ်သံ)
19 Oct 2017 2,501 Views
တရုပ်လူမျိုးတို့ ယုံကြည်သော ဒဏ္ဍာရီပုံပြင်ထဲက နဂါးသတ္တဝါ၏ ပုံသဏ္ဍန် ပေး ၆၀ ခန့်ရှည်လျှားသောအရိုးစုကြီး တစ်ခုအား ရွာသားများက လယ်ကွင်းပြင်တစ်ခုထဲ၌ တွေ့ရှိခဲ့ပြီးနောက် လာရောက်ကြည့်ရှုသူများပြားခဲ့သည်။


ဟီဘီပြည်နယ် မြောက်ပိုင်းရှိ ဇနပုတ်ကျေးရွာလေးတစ်ရွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ နဂါးပုံသဏ္ဍန်အရိုးစုကြောင့် နဂါးတစ်ကယ်ရှိတယ်ဟု ပိုမိုယုံကြည်လျှက်ရှိကြသည်။

မည်သည့်အရိုးစုဖြစ်သည်ဟု အတိအကျမပြောနိုင်သေးသော အရိုးစုကြီးတွင် ဦးခေါင်းပိုင်၌ ဂျိုလည်းပါရှိပြီး အရိုးများမှာ နွား၊ ဆိတ်သတ္တဝါတို့၏ အရိုးနှင့်ဆင်တူကြောင်း တွေ့ရှိရသည်။








