BEC-TERO TV

ဂျပန်နိုင်ငံမှာ သီချင်းခွေသစ်ဖြန့်ချိမယ့် သားစိုးနဲ့ အင်တာဗျူး

20 Oct 2017     1,619 Views


ရောသမမွှေ၊ ဆိုင်းကြိုက်တဲ့မောင် စတဲ့သီချင်းများနဲ့ အောင်မြင်လူသိများတဲ့ အဆိုတော်သားစိုးတစ်ယောက် လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလမှာ သူရဲ့ တစ်ကိုယ်တော်အခွေသစ် Rap Through ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။


ဂျပန်နိုင်ငံ တေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက စင်ကာပူနိုင်ငံကို လာရောက်စဉ် မြန်မာဆိုင်များရှိတဲ့ ပင်နီဆူလာပလာဇာမှာ ဖွင့်ထားတဲ့ သားစိုးရဲ့ သီချင်းတွေကို နားထောင်မိရာက စိတ်ဝင်စာပြီး လာရောက်ဆက်သွယ်ကာ သူတို့နှင့်အတူ အခွေထုတ်ရန် ကမ်းလှမ်းခဲ့တာကြောင့်လို့ သားစိုးက ဆိုပါတယ်။

သူရဲ့သီချင်းထဲမှာပါတဲ့ ဆိုင်းသံဗုံသံတွေက ဂျပန်ရိုးရာ တူရိယာသံတွေနဲ့လည်း ဆင်တူနေတာကြောင့် ပိုပြီးစိတ်ဝင်စားကာ အခွေထုတ်ပေးဖို့ထိ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အသိမိတ်တွေ နည်းပါးတဲ့ သားစိုးက သူဂျပန်ကို လာတဲ့အခါ ဂျပန်ရောက် မြန်မာတွေ ကူညီကြပါဦးလို့ ဖြေကြားခဲ့ပါတယ်။

ဒီနှစ်ကုန်ခါနီးမှာ “ရောသမဂိုဏ်းချုပ် Live Show” ခွေလည်း ထွက်ပါဦးမယ်လို့ ပြောကြားခဲ့ပါတယ်။


 


20 Oct 2017     1,619 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment