BEC-TERO TV

မျက်စိကွယ်နေသော်လည်း ဆိုင်ကယ်ပြင်ပညာ ကိုယ်တိုင်လေ့လာပြီး ဆိုင်ဖွင့်နိုင်ခဲ့သူ

21 Oct 2017     1,578 Views


တရုပ်နိုင်ငံ စီချွမ်းပြည်နယ်က အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ကျူရှုယုံ ဆိုသူ အဖိုးကြီးတစ်ဦးမှာ စာမရေးတတ်၊ မဖတ်တတ်သလို မျက်စိပါကွယ်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သင်ယူနိုင်စွမ်းအားကတော့ ကြီးမားတယ်လို့ ဆိုရပါမယ်။


ဆိုင်ကယ်ပြင်တဲ့ ပညာကို ကိုယ်တိုင် ဆည်းပူးလေ့လာခဲ့ပြီးနောက် ရွာမှာဆိုင်ကယ်ပြင်ဆိုင် ဖွင့်လာတာ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ရွာမှာပျက်သမျှ ဆိုင်ကယ်တွေကို သူပဲပြင်ပေးခဲ့ပြီး ဈေးနှုန်းကလည်း လဲလှယ်ရတဲ့ ပစ္စည်းဖိုးအပြင် သူ့ရဲ့လက်ခ ၁၀% နှုန်းသာ ယူပြီး ပစ္စည်းအသစ်လဲလှယ်ပေးရတာမျိုးမရှိရင် လက်ခလုံးဝမယူပါဘူး။

သူဟာမျက်စိမမြင်သူဖြစ်ပေမယ့် ဆိုင်ကယ်နဲ့ ပက်သက်လာရင် အနည်းစမ်းသပ်ပြီး အသံနားထောင်တာနဲ့ ဒီဆိုင်ကယ် ဘယ်နေရာကိုပြင်ရမယ်ဆိုတာကို တန်းကနဲသိပါတယ်။


ကျူရှုယုံ ဟာ ၆ လသားအရွယ်က ဦးနှောက်အမြှေးရောင်ရောဂါရခဲ့ပြီး ဦးနှောက်နဲ့ ကျောရိုးမကြီး ရောင်ရမ်းမှုကြောင့် မျက်လုံးကွယ်သွားခဲ့ရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သူဟာ ကျောင်းနေဖူးခြင်းမရှိတဲ့အတွက် စာရေး၊ စာဖတ်ခြင်းလည်း မလုပ်နိုင်ပါဘူး။

အရွယ်ရောက်လာတဲ့အခါ ကုန်ရောင်းကုန်ဝယ် လေ့လာခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူများက စက်ဘီးအပျက်တစ်စီး သူ့ကိုပေးခဲ့ပါတယ်။  ပျက်နေတဲ့စက်ဘီးရဲ့ အစိတ်အပိုင်းတွေကို တစ်ခုစီ သူဟာသူကြိုးစားပြီး စက်ဘီးအကောင်းဖြစ်အောင် ပြန်ဆင်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်ကနေ တစ်ဖြည်းဖြည်းချင်း ကိုယ့်ဟာကိုယ်သင်ယူရင်း နောက်ဆုံးမှာ စက်ဘီရဲ့ အစိတ်အပိုင်းတွေကို သူ့ရဲ့စိတ်မှန်းနဲ့ မြင်လာပြီး ပြင်ဆိုင်ဖွင့်လာနိုင်တဲ့အထိ ဖြစ်လာပါတယ်။


နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက်မှာတော့ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ သူ့မိခင်ကို ရွာမှာ အိမ်ပိုင်နဲ့ ထားနိုင်ခဲ့သလို မြို့ပေါ်မှာ သားဖြစ်သူနေထိုက်တဲ့ အခန်းခအတွက်လည်း ထောက်ပံ့နေနိုင်ပြီဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို နိမ့်ကျတယ်လို့ ကျွန်တော်ဘ်ာတော့မှ မခံယူပါဘူး၊ တတ်နိုင်သလောက် သင်ယူပြီး အခြားလူတွေလိုပဲ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေပါတယ်” လို့ ကျူ ကဆိုပါတယ်။


 


21 Oct 2017     1,578 Views




RELATED

Most Popular of Special or Others

Most Popular of NEWS