BEC-TERO TV

အသက် ၃၂ နှစ်ငယ်တဲ့ ဘရတ်ပစ်ရဲ့ ရည်းစားသစ်

21 Oct 2017     1,633 Views


ဟောလိဝုဒ်ရဲ့ စော်ကြည်ဘဲစာရင်းဝင်တဲ့ မင်းသား ဘရတ်ပစ်ဟာ အင်ဂျယ်လီနာဂျိုလီနဲ့ ပြတ်ဆဲပြီးနောက်မှာ သူ့ထက် အသက် ၃၂ နှစ်ငယ်တဲ့ ချာတိတ်မလေးနဲ့ ချစ်သူဖြစ်နေကြပြီလို့ သိရပါတယ်။
 


သူ့ရဲ့ရည်းစားသစ် Ella Purnell ဟာ ဗြိတိသျှရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတာကြောင့် အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဘရတ်ပစ်ထက် အသက် ၃၂ နှစ်တောင် ငယ်ပါတယ်။
 


ဘရတ်ပစ်ဟာ သူ့ရဲ့ စတားစီးရီးဖြစ်တဲ့ Bittersweet မှာ ပါဝင်သရုပ်ဆောင်ဖို့ Ella Purnell ကို နေရာတစ်နေရာ ပေးထားခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ နယူးရော့ခ်မြို့က စားပွဲထိုးမလေး တစ်ဦးရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပြီး ဘရတ်ပစ်က သူ့ရဲ့ ကောင်မလေးကို နေရာပေးခဲ့တာလို့ မဂ္ဂဇင်းတွေမှာ ဖော်ပြထားပါတယ်။
 


အင်ဂျလီနာဂျိုလီနဲ့ ခွာပြဲပြီးနောက်ပိုင်း ဘရတ်ပစ်ဟာ Sienna Miller နဲ့ အီစီကလီဖြစ်နေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် Ella Purnell ကို အမှန်အကန် ကြွေနေတယ်ဆိုတာက သူ့ရဲ့လုပ်ဆောင်ချက်တွေက သက်သေပြနေပြီး အခုဆိုရင် သူတို့နှစ်ဦး ချိန်းတွေ့နေကြပြီလို့ သတင်းထွက်နေပါတယ်။


ထူးဆန်းတာကတော့ Ella Purnell ဟာ Angelina Jolie ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေရခဲ့တဲ့ “Maleficent” ဇာတ်ကားမှာ အင်ဂျလီနာရဲ့ ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီအချိန်က သူမဟာ ကလေးသာသာပဲရှိခဲ့ပါတယ်။


21 Oct 2017     1,633 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS