BEC-TERO TV

မိခင်ရဲ့ချစ်ခြင်းမေတ္တာစွမ်းအားကြောင့် ကြည့်မိသူတိုင်းမျက်ရည်ဝဲရတဲ့ ရုပ်သံ

21 Oct 2017     1,825 Views


အင်တာနက်လူမှုကွန်ယက်မှာ လတ်တလော မျှဝေကြည့်ရှုသူများနေပြီး ကြည့်ရှုမိသူတိုင်း မိခင်နဲ့ သားမီးကြားက အနှိုင်းအဆမဲ့ စွမ်းအားတစ်ခုကြောင့် မျက်ရည်ဝဲခဲ့ရတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။


မွေးကင်းစလသားအရွယ် Charly ဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ အကြားအာရုံချို့တဲ့နေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ ထူးဆန်းတဲ့ အဖြစ်ပျက်တစ် ဖြစ်ပျက်ခဲ့ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူက “ချစ်လိုက်တာသမီးလေးရယ်” လို့ ပြောလိုက်ချိန်မှာ အကြားအာရုံချို့တဲ့နေတဲ့ ကလေးဟာ ချက်ခြင်းဆိုသလို မျက်နှာအမူအရာပြောင်းသွားပြီး သူ့မိခင်ကို စိတ်မကောင်းတဲ့ အမူအယာမျက်ရည်ဝဲဟန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။


မိခင်ဖြစ်သူက ကလေးဟာ ကြားသားပဲလို့ ထင်ပြီး ဆေးရုံကိုအပြေးအလွှားသွားကာ ထပ်မံစစ်ဆေးခဲ့ပါတယ်။ စိတ်မကောင်းစွာပင် ဆရာဝန်မှ သူမဟာအကြားအာရုံ လုံးဝချို့ယွင်းနေပြီး တစ်သက်လုံး နားကြားကရိယာ တပ်ဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။

တစ်ကယ်တော့ ကလေးဟာ သူ့မိခင်ရဲ့ “ချစ်လိုက်တာ သမီးလေးရယ်” ဆိုတဲ့ စကားသံကို တစ်ကယ်မကြားရပေမယ့် မိခင်နဲ့ သားသမီးကြားက ထူးဆန်းတဲ့ချစ်ခြင်းမေတ္တာ ဆက်သွယ်မှုကြောင့် သူ့အမေ ဘာပြောတယ်ဆိုတာကို ကလေးက ကြားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုဟာ ကြည့်မိသူတိုင်း မိဘမေတ္တာကို ပိုမိုနားလည်ပြီး မျက်ရည်စို့ခဲ့ရတဲ့ ဗီဒီယိုလေးအဖြစ် ပျံ့နှံ့လို့နေပါတယ်။
 


21 Oct 2017     1,825 Views




RELATED

Most Popular of Special or Others

Most Popular of NEWS