BEC-TERO TV

Audi ကားသစ်ကြီးပေါ် ကရိန်းပြိုကျခဲ့သော်လည်း ဒရိုင်ဘာ လွတ်မြောက်(ရုပ်သံ)

21 Oct 2017     1,660 Views


အောက်တိုဘာလ ၁၇ ရက်နေ့က တရုပ်နိုင်ငံ ကျိုဟိုင်မှာ ဧရာမကရိန်းကြီးက လမ်းမပေါ်မောင်းနေတဲ့ Audi ကားပေါ် ပြိုကျခဲ့တဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။


ဗီဒီယိုထဲမှာ ဖြတ်မောင်းလာတဲ့ Audi ကားပေါ်ကို ကရိန်းကပြုတ်ကျခဲ့ပြီး ကားတစ်စီးလုံးပြားချက် ခါယမ်းသွားခဲ့တာကို ခြောက်ခြားစရာတွေ့မြင်ခဲ့ရပါတယ်။
ဒီလိုအဖြစ်ဆိုးကြီးကြားမှာ ယာဉ်မောင်းဟာ အသက်အန္တရာယ်မရှိပဲ ကားထဲက ပြန်ထွက်လာနိုင်ခဲ့တဲ့အတွက် သေခြင်းတရားဆိုတာ အနားမှာ အမြဲကပ်နေပေမယ့် အချိန်မတန်ရင် လွတ်မြောက်ခွင့်ပေးတယ်ဆိုတဲ့ သဘောကို နားလည်မိပါတယ်။
 


21 Oct 2017     1,660 Views




RELATED

Most Popular of Special or Others

Most Popular of NEWS