BEC-TERO TV

လူသေအမျိုးသမီးကို လိင်ဆက်ဆံခဲ့တဲ့ အမျိုးသားသူနာပြုအား ဖမ်းဆီး

23 Oct 2017     1,610 Views


ဘိုလီဗီးယာနိုင်ငံတွင် သေဆုံးသူအမျိုးသမီးတစ်ဦး၏ အလောင်းကို လိင်ဆက်ဆံခဲ့မှုအတွက် အမျိုးသားသူနာပြုတစ်ဦ ဖမ်းဆီးခံခဲ့ရပါတယ်။


အဆုပ်ရောက်ရောဂါဖြင့် သေဆုံးသူအမျိုးသမီးအား အသက် ၂၇ နှစ်အရွယ် မာကူချာပီ ဆိုသူ အမျိုးသားသူနာပြုက လိင်ဆက်ဆံခဲ့ကြောင်း သေဆုံးသူအမျိုးသမီးက တိုင်ကြားခဲ့ပါတယ်။
ယောက်ျားဖြစ်သူက သေဆုံးသူအမျိုးသမီးကို ရေခဲတိုက်မှာ လာကြည့်စဉ် သူ့မိန်းမရဲ့ အလောင်းဘေးမှာ အမျိုးသားသူနာပြုကို အောက်ခံဘောင်းဘီ ဒူးခေါင်းနေရာထိ ချွတ်ထားလျှက် ရုတ်တရက်မြင်တွေ့ခဲ့ရပြီး ထိုးကြိတ်ခဲ့ပါတယ်။


သူနာပြုက သူကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည့်အတွက် အသက် ၂၈ နှစ်အရွယ်ခင်ပွန်းဖြစ်သူက ထိုးကြိတ်ခဲ့ရာ လုံခြုံရေးများ ရောက်လာမှ တားဆီးနိုင်ခဲ့ပါတယ်။
မာကူချာပီဟာ ဆေးရုံမှာ အလုပ်ဝင်တာ ၆ လခန့်သာရှိသေးပြီး သူကျူးလွန်ခဲ့မှုအတွက် သူကိုယ်တိုင်မသိကြောင်း၊ တစ်ခုခုဝင်ပူးသလို ဆင်ခြေပေးခဲ့ပါတယ်။


လက်ရှိမှာတော့ ထိမ်းသိမ်းထားပြီး ရဲတွေက ပိုမိုတိကျခိုင်မာတဲ့ အချက်လက်တွေ ရှာဖွေ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။
 


23 Oct 2017     1,610 Views




RELATED

Most Popular of Special or Others

Most Popular of NEWS