ခရီးသည်တင်လေယာဉ်အား စတန့်ထွင်ပျံသန်းခဲ့သည့် လေယာဉ်မှူးများ တာဝန်မှရပ်ဆိုင်းခံရ
23 Oct 2017 1,368 Views
ခရီးသည် ၂၀၀ တင်ဆောင်လာပြီး မီယာမီမှ ဂျာမဏီသို့ ပျံသန်းလာသော ဘိုးရင်းဂျက်လေယာဉ်တစ်စီး ဂျာမဏီနိုင်ငံ ဒတ်ဆဲလ်ဒေါ့ဖ်လေဆိပ်သို့ ဆင်းသက်စဉ် စတန့်ထွင်ကာ ကွင်းတစ်ပတ်ပတ်ပြီး ပျံသန်းခဲ့မှဒကြောင့် လေယာဉ်မှူး နှစ်ဦးကို လေကြောင်းလိုင်းမှ တာဝန်ရပ်ဆိုင်းခဲ့သည်။
လေယာဉ်အမှတ် AB7001 လေယာဉ်ကြီးသည် လေကြောင်းလိုင်း၏ နောက်ဆုံးခရီးစဉ်အဖြစ် မီယာမီမှ ဂျာမဏီသို့ ပျံသန်းလာခဲ့ပြီးနောက် လေယာဉ်မှူးများက လေယာဉ်ကြီ:အား နှဒတ်ဆက်သည့်အနေနှင့် လေဆိပ်သို့ ဆင်းသက်စဉ်၊ မြေပြင်နှင့် ထိခါနီးအချိန်မှာ တစ်ပြန်ပျံတက်ကာ လေဆိပ်ထိန်းချုပ်ရေးတာဝါအနီး ကပ်၍ပျံသန်းခဲ့သည့် အတွက် အလွန်အန္တရာယ်များသော အပြုမူကို ပြုမူခဲ့သည့်အတွက် လေကြောင်းလိုင်းမှ အရေးယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေယာဉ်အား နှုတ်ဆက်သည့်အနေနဲ့ မီယာမီလေယာဉ်ကွင်း၌လည်း မီးသတ်ယာဉ်များဖြင့် ပက်ဖျန်းပြီး နှုတ်ဆက်ခဲ့ကြသည်။ ဂျာမဏီလေဆိပ် အရောက်မှာ လေယာဉ်မှူးနှစ်ဦးက လေယာဉ်ကွင်းကို တစ်ပတ်ထပ်ပတ်၍ ပျံသန်းရန် ထိန်းချုပ်ရေးတာဝါနှင့် နားလည်မှု ရယူခဲ့ပြီးဖြစ်သော်လည်း ၎င်းးအပြုမူကို လေကြောင်းလိုင်းက လုံခြုံရေးအရ လက်မခံပဲ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
“ဒီလိုလုပ်တယ်ဆိုတာ အရေးပေါ်အခြေအနေတစ်ရပ်မှာ မဟုတ်ပဲ လုပ်လိုက်တဲ့အတွက် အရမ်းအန္တရာယ်များပြီး မလိုအပ်ပဲ စွန့်စားလိုက်တာနဲ့ အတူတူပါပဲ” ဟု အခြားလေကြောင်းလိုင်းတစ်ခုမှ ဝါရင့်လေယာဉ်မှူးကြီးတစ်ဦးက ပြောကြားခဲ့သည်။