BEC-TERO TV

Soccer House Café ကို လင်းလင်းနဲ့ ချစ်သူဝေတို့ ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်က..?

24 Oct 2017     1,723 Views


တေးရေး၊ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံက Soccer House Café ဆိုတဲ့ ဆိုင်လေးကို ရန်ကုန်မြို့ သူဝဏ္ဏအားကစားကွင်းထဲမှာ ဖွင့်လှစ်ထားပြီး သက်ကြီးအားကစားသမားတွေကို လှူဒါန်းနိုင်အောင် အစီစဉ်လေး တစ်ခုကိုရှိပါတယ်လို့ ဆိုပါတယ်။

သီချင်းရေးဆရာလည်း ဖြစ်တဲ့ အဆိုတော်လင်းလင်းက ဘောလုံးအားကစားကိုလည်း ဝါဿနာပါတဲ့အတွက် ဒီဆိုင်လေးကို သုဝဏ္ဏကီင်းထဲမှာ ဖွင့်လှစ်ခဲ့ပြီး ဘောလုံးသမားဟောင်းကြီးတွေရဲ့ အဝတ်အစား တွေကို မှန်ဘောင်သွင်း ဒီဇိုင်းထွင်ကာ ဆိုင်အပြင်အဆင်အဖြစ် လုပ်ထားခဲ့ပါတယ်။

ဆိုင်ရဲ့ အပေါ်ထပ်မှာ စာနယ်ဇင်းပွဲတွေ လက်ခံပြုလုပ်နိုင်အောင် စီစဉ်ထားပြီး အဆိုပါပွဲများအတွက် ရရှိလာတဲ့ ဝင်ငွေကို သက်ကြီးအားကစားသမားများအတွက် ပြန်လည်လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ စာနယ်ဇင်းပွဲများ အတွက်လည်း မည်ရွေ့မည်မျှ သတ်မှတ်မည်မဟုတ်ပဲ စေတနာအလျှောက်သာ ကောက်ခံမည် ဖြစ်သည်။

လက်ရှိမှာ နောက်ထပ် အခွေသစ်တစ်ခွေအတွက် စီစဉ်နေပြီး သီချင်းအသစ်များကိုလည်း ရေးသားနေကြောင်း သိရှိရသည်။
 


24 Oct 2017     1,723 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment