BEC-TERO TV

ရိုးလွန်းတဲ့ တိုင်းရင်းသူတွေကို ကိုယ်တိုင် ထဘီဝတ်ပြီး သင်ပြခဲ့ရတဲ့ ဝေဠုကျော်

24 Oct 2017     1,719 Views


ပရဟိတ မင်းသားကြီး ဝေဠုကျော်က ရခိုင်ပြည်နယ်တွင် တစ်ရွာဝင်တစ်ရွာထွက် စိတ်ဓာတ် အင်အားတွေလည်း တည်ဆောက်ပေး နေရင်း  ကူညီမှုတွေ လုပ်နေခဲ့တာ လ အနည်းငယ် ကြာနေပြီလဲ ဖြစ်ပါတယ်။

 ရခိုင်ပြည်နယ် ကူညီရေးတွေ လုပ်နေရင်းအောက်တိုဘာလ ၂၃ ရက် နေ့မှာ  မြိုတိုင်းရင်းသူ အဖွားများနှင့် တွေ့ဆုံခဲ့ပါတယ်။ ရိုးသားလွန်းတဲ့ သူတို့အတွက် အင်္ကျီ၊ လုံချည်များ ပေးရုံတင်မကပဲ ဝတ်နည်းများကိုပါ သင်ပြခဲ့တယ်လို့လဲ သိရပါတယ် ။ အဖွားတွေကို သင်ပြပေးနေတဲ့ ပုံတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ ခဲ့ ပြီး ကြည်နူးစရာမြင်ကွင်းတစ်ခု ဖြစ်ခဲ့ ပါတယ်။

 

 “မောင်တောမြောက်ပိုင်း၊ထရိန် ကျေးရွာ ရှိ မြိုတိုင်းရင်းသားများအား အဝတ်အစားများ ထောက်ပံ့ပေးရင်း ပျော်ပျော်ပါးပါး ကိုယ်တိုင်လဲ ဝတ်ပြကြ။” ဆိုပြီး သူ့ရဲ့ အကောင့်မှာလဲ ရေးတင်ထားတာကိုလည်း တွေ့ရပါတယ်။ 


24 Oct 2017     1,719 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment