ထိုင်းဘုရင်မင်းမြတ် မီးသင်္ဂြိုလ်အခမ်းအနားသို့ ထိုင်းပြည်သူအများပြား လာရောက်ဂါရဝပြု
25 Oct 2017 1,535 Views

နတ်ရွာစံခဲ့ပြီဖြစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘော၏ မိသင်္ဂြိုလ်အခမ်းအနားသို့ ထိုင်းပြည်သူအများအပြား နောက်ဆုံးအနေနဲ့ လာရောက်ဂါရဝပြုခဲ့ကြသည့်အတွက် နေရာမဆံ့ဖြစ်ကာ ထိုင်းအာဏာပိုင်များက နေရာတိုးချဲ့ပေးခဲ့ရသည်။
ထိုင်းဘုရင်မင်းမြတ်၏ ရုပ်ကလာပ်မီးသင်္ဂြိုလ်ရာတွင် မဟာရတ်လမ်းမကြီးတစ်လျှောက်မှ ဆာနမ်ချိုးင်းလမ်းမကြီးထိ ဂါရဝပြုပြည်သူများဖြင့် ပြည်လျှံသွားနိုင်သဖြင့် မူလက လူ ၁၇၁,၀၀၀ ဦးအတွက် နေရာစီစဉ်ထားခဲ့ရာမှ နောက်ထပ် ပြည်သူ ၁၈,၈၀၀ ဦး ဝင်ဆံ့ရန်အတွက် နေရာ ၉၄၂၀ စတုရန်းမီတာ တိုးချဲ့စီစဉ်ထားကြောင်း ထိုင်းရဲတပ်ဖွဲမှ ဒုတိယရဲချုပ်ဖြစ်သူ ရဲမှူးချုပ် ဒက်နာရွန် ဆူသီချန်ဘာချာက ပြောကြားခဲ့သည်။
ထို့ပြင် မီးသင်္ဂြိုလ်အခမ်းနားနေ့တွင် အများပြည်သူ သွားရေးလာရေး အခက်ခဲမရှိစေရန် ဘန်ကောက်မြို့တွင်းပြေးဆွဲသော ရထားများ ခေါက်ရေပိုမို တိုးမြှ၍့်ကာ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြပါရှိသည်။






