BEC-TERO TV

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ

26 Oct 2017     2,265 Views


ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ထုံထောင်းရပ်ကွပ်တွင် နေထိုင်သော အသက် ၄၁ နှစ်အရွယ် အိမ်ထောင်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သော မသီသီဝင်းသည် နေထိုင်ခွင့် ဗီဇာရရှိရန် ထိုင်းလူဝန်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်ခဲ့ပြီး အပြန်တွင် သတ်ခံခဲ့ရခြင်းဖြစ်သည်။ မသီသီဝင်းမှာ ပဲခူးတိုင်း၊ ကဝမြို့နယ် မမောက်ရွာသစ် ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခင်ပွန်းဖြစ်သူ၊ သားသမီး နှစ်ဦးတို့နှင့် နေထိုင်ခဲ့ခြင်းဖြစ်သည်။


ထိုင်းရဲအဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူမှာ သုံးဘီးယာဉ်မောင်း မြန်မာလူမျိုး ခင်မောင်လေး ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသည်။ ခင်မောင်လေးသည် ရွေ့ပြောင်းမြန်မာအလုပ်သမားများ နေထိုင်ရာ ရပ်ကွပ်တွင် သုံးဘီးယာဉ်မောင်းအဖြစ် လုပ်ကိုင်စားသောက်နေသူဖြစ်သည်။


အခင်းဖြစ်မည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မသီသီဝင်း ထိုင်းလူဝန်မှုကြီးကြပ်ရေးရုံးက တစ်ဦးတည်းပြန်လာစဉ် ခင်မောင်လေး၏ သုံးဘီးကိုငှဦးစီးခဲ့သည်။ လမ်းတွင် ခင်မောင်လေးမှ အဓ္ဓမပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး ပါလာသော ဖုန်း၊ ပိုက်ဆံနှင့် လက်ဝတ်ရတနာများအား ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။


ခင်မောင်လေးမှာ လောင်းကစားနှင့် စိတ်ကြွမူးယစ်ဆေး သုံးစွဲသူတစ်ဦးဖြစ်ပြီး သေဆုံးသူ မသီသီဝင်း နှင့် မဲဆောက်တွင် တစ်ရပ်ကွပ်ထဲ နေထိုင်သူများဖြစ်ကြောင်း ဧရာဝတီသတင်းဌါနတွင် ဖော်ပြပါရှိသည်။

 


26 Oct 2017     2,265 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS