ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင်
26 Oct 2017 1,496 Views

ရန်ကုန်မြို့ရဲ့အထင်ကရ အမွေအနှစ်အဆောက်အအုံတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ကို အောက်တိုဘာလ(၂၄)ရက်က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့ပါတယ်။
၁၉၀၄ ခုနှစ်မှ ၁၉၁၁ခုနှစ် အတွင်းဆောက်လုပ်ထားတဲ့ သက်တမ်းရှည်ကြာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မအဆောက်အဦကို သမိုင်းဝင်အဆောက်အဦတစ်ခုအဖြစ် သတ်မှတ် လိုက်တာပါ။အပြာရောင်ကမ်္ဗည်းပြားတပ်ဆင်မယ့် အဆောက်အဦဖြစ်ဖို့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အဲဒီအဆောက်အဦရဲ့ခိုင်လုံတဲ့သမိုင်းကြောင်းရရှိဖို့ သုတေသနလုပ်ပြုလုပ်ပြီးမှသာ တပ်ဆင်တာဖြစ်ပါတယ်။အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ပေး တာဟာ ရန်ကုန်မြို့ရဲ့သမိုင်းဝင်အဖြစ်အပျက်များကိုဖော်ပြပြီး လူအများသိရှိတဲ့ အဆောက်အဦ နေရာတွေကို တန်ဖိုးထားထိန်းသိမ်းတတ်စေဖို့အတွက် ဖြစ်တယ်လို့ပြောပါတယ်။
အပြာရောင်ကမ္ဗည်းပြားတပ်ဆင်မှုကို ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်၊သြဂုတ်လပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမမှာ ပထမဆုံးတပ်ဆင်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအပါအ၀င် ရန်ကုန်မြို့ရဲ့နေရာ(၁၈)နေရာမှာ အရေအတွက်(၁၉)ခုတပ်ဆင်ပြီး ဖြစ်ပါ တယ်။ဒီလိုတပ်ဆင်ပေးမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့အကူအညီနဲ့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူတပ်ဆင်ပေးတာဖြစ်ပြီး ငွေကြေးအရတော့ Goyal Phillics Coorpation က ထောက်ပံ့ပေးတာဖြစ်ပါတယ်။
အပြာရောင်ကမ္ပည်းပြားတွေကို ရန်ကုန်မြို့ရဲ့တိမ်မြုပ်နေတဲ့ အဆောက်အဦတွေ၊ သမိုင်းအရထင်ရှားပြီး ဗိသုကာလက်ရာအရထူးခြားတဲ့ အဆောက်အဦ(၁၀၀)ကျော်ကို တပ်ဆင်သွား မှာ ဖြစ်ပါတယ်။ဒါ့အပြင်လာမယ့်နိုဝင်ဘာလထဲမှာလည်း ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ အပြာရောင် ကမ္ဗည်းပြားတပ်ဆင်သွားမယ်လို့ သိရပါတယ်။