BEC-TERO TV

နတ်ပူဇော်ပွဲတွင် မီးဖိုပေါ်အရှင်လတ်လတ် ထိုင်ခဲ့သောနတ်ဆရာသေဆုံး(ရုပ်သံ)

26 Oct 2017     1,605 Views


မလေးရှားနိုင်ငံတွင် နှစ်စဉ် ကိုးရက်တိုင်တိုင် ကျင်းပလေ့ရှိသော နတ်မင်းကြီးကိုးပါးပူဇော်ပွဲတွင် နတ်ဆရာတစ်ပါး မီးဖိုပေါ်တွင် တင်ထားသော ရေနွေးကျွက်ကျွက်နေသည့် ဒယ်အိုးကြီးပေါ်တွင် တက်ထိုင်ကာ သံစည်ပိုင်းကြီး ဖုံးအုပ်စေလျှက် မိမိကိုယ်ကိုယ် အပေါင်းခံနည်းဖြင့် ပူဇော်ခဲ့ရာ သေဆုံးခဲ့သည်။

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သော နတ်ဆရာ Lim Ba က မီးဖိုပေါ်ရှိ ဒယ်အိုးအဖုံးပေါ်တွင် တက်ထိုင်ကာ အပေါ်မှ သံစည်ပိုင်းကြီး ဖုံးအုပ်ထားစေခဲ့သည်။ သူ၏ နဂိုမူလ အစီစဉ်မှာ ၇၅ မိနစ်ကြာ အပူခံပြီး အထဲတွင် နေပြရန်ဖြစ်သော်လည်း နာရီဝက်ခန့်အကြာတွင် မခံမရပ်နိုင်အောင် ပူလာခဲ့သည့်အတွက် အတွင်းထဲမှ ထုရိုက်အကူညီတောင်းခံခဲ့သည်။

သူ၏တစ်ပည့်များက သံစည်ပိုင်းကို ဖယ်ချပေခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပြီး နတ်ဆရာ Lim Ba နှလုံးရပ်ကာ သေဆုံးသွာခဲ့သည်။ အဆိုပါ နတ်မင်းကြီးကိုးပါး ပူဇော်ပွဲတွင် မီးနင်းခြင်း၊ လျှာလှီးခြင်း၊ ပါးပြင်ကို အပ်များစိုက်ခြင်း အစရှိသော ပူဇော်နည်းများ ပါဝင်ကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးပြီးနောက် နတ်ဆရာ Lim Ba သေဆုံးမှုမှာ နှလုံးဖောက်သည့်အတွက်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ဒုတိယအဆင့် လောင်ကျွမ်းဒဏ်ရာများလည်း တွေ့ခဲ့ရကြောင်း ရဲက စတင်းထုတ်ပြန်ခဲ့သည်။ Lim Ba မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က နှလုံးခွဲစိပ်ကုသမှု ခံယူထားဖူးသူလည်းဖြစ်သည်။

နတ်ဆရာသေဆုံးရသည့် အဖြစ်ပျက်ကြောင့် အဆိုပါဘုရားကျောင်းတွင် စီစဉ်ထားသော အစီစဉ်များ ဖျက်သိမ်းခဲ့သည်။

 


26 Oct 2017     1,605 Views




RELATED

Most Popular of Special or Others

Most Popular of NEWS