BEC-TERO TV

၂၀၁၇ ခုနှစ်တွင် သတ်မှတ်ထားသော အကယ်ဒမီဆုများအားလုံး ပေးမည်

30 Oct 2017     1,506 Views


၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအဖြစ် သတ်မှတ်ထားသော ဆုများအားလုံးပေးရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အကယ်ဒမီဘုတ်အဖွဲ့အား တိုက်တွန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ ပြောကြားခဲ့သည်။

အကယ်ဒမီဆုပေးပွဲကို ၂၀၁၃ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ပထမဦးဆုံးတာဝန်ယူပြုလုပ်ခဲ့ပြီး အကယ်ဒမီပေးပွဲများတွင် သတ်မှတ်ထားသော ရုပ်ရှင်ထူးချွန်ဆု (၁၁)ဆုကို အားလုံးပေးအပ်ခဲ့ခြင်း မရှိပဲ ၂၀၁၆ ခုနှစ်အကယ်ဒမီတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနှင့် အကောင်းဆုံးဇာတ်ညွှန်းဆုအား ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

အကယ်ဒမီပေးပွဲဆိုတာက ရုပ်ရှင်အစည်းအရုံးနဲ့ မသက်ဆိုင်ပါဘူး။ အကယ်ဒမီဘုတ်အဖွဲ့ကို ဖွဲ့ပြီးတော့ ဘုတ်အဖွဲ့ကနေ စီစဉ်ဆောင်ရွက်တာပါ။ ဒီနှစ်မှာ သတ်မှတ်ထားတဲ့ အကယ်ဒမီဆုတွေအကုန်လုံးကို ပေးဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဘုတ်အဖွဲ့ကို တိုက်တွန်းသွားမယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်း တာဝန်ယူခဲ့စဉ်က ရုပ်ရှင်ထူးချွန်ဆုကို တစ်နှစ်တာအတွက် အကောင်းဆုံးဆိုသူများကို ပေးမည်လား (သို့မဟုတ်) စံနှုန်းသတ်မှတ်ချက်များနှင့် ပေးမည်လားဟု ဆန္ဒခံယူခဲ့ရာ ရုပ်ရှင်လောကသားအများစုက တစ်နှစ်တာအတွက် အကောင်းဆုံးဆိုသူများကို ပေးရန် ဆန္ဒရှိခဲ့ကြောင်း သိရှိရသည်။


30 Oct 2017     1,506 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS