BEC-TERO TV

အွန်လိုင်းဂိမ်းပြိုင်ပွဲရှုံးလို့ ရည်းစားကို ထရိုက်တဲ့ ကြေးစား Gamer ဖမ်းခံရ

30 Oct 2017     1,578 Views


နာမည်ကြီးတရုပ်အွန်လိုင်း ဟီးရီုးဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ကို ကစားနေစဉ် ရှုံးနိမ့်ခဲ့တဲ့ ကြေးစားကစားသမားတစ်ဦးက ဒေါသဖြစ်ကာ သူ့ရဲ့ အတူနေရည်စားဖြစ်သူကို ထရိုက်နှက်ခဲ့တာကို ဂိမ်းပွဲတွင် ဝင်ရောက်ကစားသူများက သူ့ရဲ့ ဝဘ်ကင်မရာမှတစ်ဆင့် ကြားသိခဲ့ရပါတယ်။


Li Wei-jun ဆိုသူဟာ တရုပ်နာမည်ကြီး ကြေးစားဂိမ်းကစားသူတစ်ဦးဖြစ်ပြီး Vasilli လို့ လူသိများပါတယ်။ သူဟာ တရုပ်မှာသာမက League of Legends ရဲ့ နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာလည်း နာမည်ကြီးဂိမ်မာတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ အွန်လိုင်းမှာ ကစားနေစဉ် ရှုံးနိမ့်ခဲ့တာကြောင့် ရည်းစားဖြစ်သူကို ရိုက်နှက်ခဲ့တဲ့ အသံမျိုးတွေကို အားလုံးက ကြားခဲ့ရခြင်းဖြစ်ပါတယ်။


သိပ်မကြာခင်မှာပဲ ရည်းစားဖြစ်သူက ရဲတိုင်ကြားခဲ့ပါတယ်။ ရဲတွေရောက်လာပြီးနောက် Li Wei-jun ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအမှုကြောင့် အသက် ၂၃ နှစ်အရွယ် ကြေးစားဂိမ်မာ Li Wei-jun ဟာ ZhanqiTV နဲ့ စာချုပ်ချုပ်ဆိုထားမှုတွေ ဖျက်သိမ်းခံခဲ့ရပါတယ်။

 


30 Oct 2017     1,578 Views




RELATED

Most Popular of Special or Others

Most Popular of NEWS