BEC-TERO TV

မိမိကိုယ်သေကြောင်းကြံသူကလေးကြောင့် သေခဲ့ရသည့် တက္ကသိုလ်ကျာင်းသူ

31 Oct 2017     1,665 Views


အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦးက မိမိကိုယ်ကိုယ် သေကြောင်းကြံကာ ပေ ၃၀ အမြင့်မှ တံတားတစ်ခုပေါ်မှ ခုန်ချခဲ့ရာ တံတားအောက်တွင် ကားဖြတ်မောင်းလာသူ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦး နေရာတွင် သေဆုံးသွားခဲ့သည်။


Marisa Harris ဆိုသူ တက္ကသိုလ်ကျောင်းသူက သူမ၏ ဖို့ဒ့်အမျိုးအစား SUV ကားကို ဝါရှင်တန်ဒီစီသို့ မောင်းလာခဲ့သည်။ သူမ၏နံဘေးတွင် ရည်းစားဖြစ်သူလည်း လိုက်ပါလာခဲ့သည်။ ထိုအချိန် လူကူးတံတားပေါ်မှာ ခုန်ချလာသော ကလေးက သူမ၏ ကားပေါ်သို့ ပြုတ်ကျလာသည်ကို တွေ့ရပြီး နေရာတင် ရုတ်တရက်သေဆုံးသွားခဲ့သည်။ သူမ၏ ရည်းစားဖြစ်သူက ကားစတီယာရင်ကို ထိန်းရင်း မလှမ်းမကမ်းတွင် ကားကို ရပ်နိုင်ခဲ့ပြီး ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ပါ။

ခုန်ချခဲ့သော ကောင်လေးကို Inova Fairfax ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး စိုးရိမ်ရသော အခြေနေတွင် ရှိကြောင်း သိရှိရပြီး အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။


Harris မှာ Marymount University မှ ဘွဲ့ရကျောင်းသူ တစ်ဦးဖြစ်ပြီး Clinical counseling ကို ဗာဂျီးနီးယားမှာ သွားရောက်သင်ယူနေသူတစ်ဦးဖြစ်သည်။ ရော:ါထိမ်းချုပ်လေ့လာရေးစင်တာ၏ အဆိုအရ ၁၉၉၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော အသက် ၁၂ နှစ်အောက် ကလေးငယ် ၇၁၁ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
 


31 Oct 2017     1,665 Views




RELATED

Most Popular of Special or Others

Most Popular of NEWS