အလကားပေးတယ်ထင်ပြီး လေယာဉ်ပေါ်က သက်ကယ်အင်္ကျီယူခဲ့သူ ဖမ်းခံရ (ရုပ်သံ)
31 Oct 2017 1,615 Views

လေယာဉ်စီးခရီးသည် အမျိုးသားတစ်ဦးဟာ လေယာဉ်ပေါ်က အသက်ကယ်အင်္ကျီခိုးယူမှုနဲ့ တရုပ်ပြည် ကူမင်းလေဆိပ်မှာ အဖမ်းခံခဲ့ရပါတယ်။ သူဟာ လေယာဉ်ပေါ်ကအဆင်းမှာ သူ့ရဲ့ခရီးဆောင်ပစ္စည်းတွေနဲ့အတူ သက်ကယ်အင်္ကျီကိုပါ ထည့်လာခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်က သက်ကယ်အင်္ကျီကို ထည့်ယူခဲ့တာနဲ့ ပက်သက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါ၊ လေကြောင်းလိုင်းက အလကားပေးတယ်ထင်ပြီး အသုံးမပြုရသေးတဲ့ သက်ကယ်အင်္ကျီကို ယူလာခဲ့တာလို့ ဖြေပါတယ်၊ ဒါ့အပြင် သူဟာ တစ်နေ့ထဲမှာ အခြားလေယာဉ်ကို ပြောင်းစီးရမှာ ဖြစ်လို့ လိုလိုမယ်မယ်ယူခဲ့တာပါလို့ ပြောပါတယ်။
ဒါပေမယ့် သူ့ရဲ့ဆင်ခြေတွေက အလုပ်မဖြစ်ခဲ့ပဲ ဒဏ်ငွေ ယွမ်တစ်ထောင်နဲ့ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။







