BEC-TERO TV

လေထုညစ်ညမ်းမှုမဖြစ်သော ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ရထား တရုပ်တွင် စတင်ပြေးဆွဲ

31 Oct 2017     1,525 Views


ကမ္ဘာ့ပထမဦးဆုံး ဟိုက်ဒရိုဂျင်ပါဝါသုံးဓါတ်ရထားကို တရုပ်နိုင်ငံ ဟီဘီပြည်နယ် တန်ရှန်းမြို့တွင် ပြီးခဲ့တဲ့ ကြာဿပတေးနေ့က စတင်ပြေးဆွဲခဲ့သည်။

အဆိုပါရထားကို တန်ရှန်းမီးရထားလုပ်ငန်း ကုမ္ပဏီက အဆင့်မြှင့်ခဲ့ပြီး တရုပ်နိုင်ငံ အကြီးစားမီးရထားလုပ်ငန်း ကော်ပိုရေးရှင်း ကြီးကြပ်မှုနဲ့ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။


ဓါတ်ရထားဟာ သက်တမ်း ၁၃၆ နှစ်ကြာမြင့်နေပြီဖြစ်တဲ့ သံလမ်းပေါ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ ကီလိုမီတာ ၄၀ ကျော် သွားနိုင်ပါတယ်။ ခရီးသည် ၃၃၆ ဦးတင်ပြီး တစ်နာရီ ၇၀ ကီလိုမီတာအမြန်နှုန်းနဲ့ ပြေးဆွဲနိုင်ပါတယ်။


ဒီရထားရဲ့ ထူးခြားချက်ကတော့ လေထုညစ်ညမ်းမှုကို လုံးဝမဖြစ်စေပဲ ရေနွေးငွေ့သာ ထုတ်လွှတ်ခြင်းဖြစ်ပါတယ်။ တရုပ်နိုင်ငံမှာ ဆန်းသစ်တီထွင်မှုများနဲ့အတူ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နေပြီး သိပ်မကြာသေးမီက လျှပ်စစ်ရထားသစ်ကို စတင်ပြေးဆွဲခဲ့သည်။ ယခုအခါ လေထုညစ်ညမ်းမှုလုံးဝမရှိသော ဟိုက်ဒရိုဂျင်ပါဝါသုံး ကမ္ဘာ့ပထမဦးဆုံး ဓါတ်ရထားကို တီထွင်စမ်းသပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။


ဟိုက်ဒရိုဂျင်ပါဝါဖြင့် ရထားမောင်းနှင်နိုင်ပုံ


 


31 Oct 2017     1,525 Views




RELATED

Most Popular of Special or Others

Most Popular of NEWS