ကိုရီးယားမင်းသား ကင်ဂျူယော့ ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်
01 Nov 2017 1,542 Views

ကိုရီးယားမင်းသားတစ်ဦးဖြစ်သူ ကင်ဂျူယော့ ဟာ ယာဉ်မတော်တဆမှုဖြင့် တနင်္လာနေ့က ကွယ်လွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေ ၄:၃၀ အချိန်က ဆိုလ်းမြို့တောင်ပိုင်းမှာ သူ့ရဲ့ မာစီးဒီးအမျိုးအစား SUV ဟာ သူ့ရှေ့က ဟွန်ဒိုင်းဆီဒင်ကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် နေအိမ်ခန်းတစ်ခုရဲ့ နံရံကို အရှိန်ပြင်းပြင်းနဲ့ ထပ်မံဝင်တိုက်ကာ ကားကပက်လက်လန်ကျခဲ့ခြင်းဖြစ်ပါတယ်။
ကင်ဂျူယော့ကို ကွန်ကုတက္ကသိုလ်ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် အသက်မရှင်နိုင်ခဲ့ပါဘူး။ သတိမေ့မြောနေတဲ့ ကင်ဟာ ညနေ ၆:၃၀ အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
သူ့ရဲ့ကားဟာ အတော်လေးပျက်စီးခဲ့ပြီး မီးခိုးတွေကြားမှာ ပြန်ဆွဲထုတ်ဖို့ အချိန်အတော်ယူခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဟွန်ဒိုင်းဆီဒင်ကား မောင်းသူရဲ့ အဆိုအရ သူကကားကို ရပ်လိုက်ချိန်မှာ နောက်က ဝင်တိုက်ပြီး ဘေးကို ချော်ထွက်သွားတယ်၊ ဒရိုင်ဘာက သူ့ရင်ဘတ်ကို ဖိထားတာလဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကင်ဂျူယော့ ဟာ ရုတ်တရက်နှလုံးရောဂါဖောက်လာပြီးနောက် ယခုလို ယာဉ်မတော်တဆဖြစ်ကာ နှလုံးရပ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်၊ သူကွယ်လွန်ချိန်မှာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ အောင်မြင်တဲ့ ကိုရီးယားမင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲများစွာမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုရုပ်သံ