ဆောင်းဟေကိုနဲ့ ဆောင်းဂျွန်ကီးတို့ လက်ထပ်ပြီ (မင်္ဂလာပွဲရုပ်သံ)
01 Nov 2017 2,442 Views

အောက်တိုဘာလ ၃၁ ရက်နေ့က နာမည်ကြီး ကိုရီးယားသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဆောင်းဂျွန်ကီးနဲ့ ဆောင်းဟေကို တို့နှစ်ဦး တရားဝင်လက်ထပ်ခဲ့ကြပါတယ်။

မင်္ဂလာအခမ်းနားကိုတော့ The Shilla Hotel မှာ ကျင်းပခဲ့ပြီး ဆွေမျိုးအသိုင်းဝိုင်းနဲ့ ရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းများ တင်ရောက်ခဲ့ကြပါတယ်။

ဆောင်းဂျွန်ကီးနဲ့ ဆောင်းဟေကို တို့နှစ်ဦးဟာ ဘုရားကျောင်းလမ်းမလေးအတိုင်း အတူတွဲလျှောက်လာပြီး မင်္ဂလာအခမ်းအနားကို စတင်ခဲ့ပါတယ်။ သူတို့စုံတွဲနဲ့အတူ မိတ်ဆွေသူငယ်ချင်းတွေကလည်း ပျော်ရွှင်နေတာကို တွေ့ခဲ့ရပါတယ်။
မင်္ဂလာပွဲအပြီးမှာတော့ ဆောင်းဟေကိုက သူမရဲ့ ယောက္ခမကို ပွေ့ဖက်ပြီး ရင်းရင်းနှီးနှီးရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
ဆောင်းဂျွန်ကီးနဲ့ ဆောင်းဟေကို တို့ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။








