လမ်းပေါ်မှလူများကို ဝရန်တာမှသေနတ်နဲ့ ထွက်ပစ်ခဲ့သည့် ဗီဒီယိုအွန်လိုင်းတင်ခဲ့သူ ဖမ်းဆီးခံရ
01 Nov 2017 1,533 Views
အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်တွင် ဖြစ်ပွားခဲ့သော တိုက်ခေါင်မိုးပေါ်မှ သေနတ်နဲ့ချောင်းမြောင်းပစ်ခတ် အကြမ်းဖက်လုပ်ရပ်ကြောင့် လူ ၅၉ ဦး သေဆုံးခဲ့ရသည့် အဖြစ်ပျက်ကို အတုခိုးပြီး လူငယ်တစ်ဦးက နေအိမ် ဝရန်တာထွက်ကာ လမ်းပေါ်ရှိလူများကို ချိန်ရွယ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
သူ၏လုပ်ရပ်ဗီဒီယိုကို လှောင်ပြောင်စရာတစ်ခုအဖြစ် အွန်လိုင်းမှာ တင်ခဲ့ပြီးနောက် ဝေဖန်မှုများပြင်းထန်ခဲ့သည်။ သေနတ်အတု (သို့) ဗလာကျည်ထည့်ထားသည့် သေနတ်ကို ယူကာ ဝရန်တာထွက်ပြီး လမ်းသွားလမ်းလာများကို ချိန်ရွယ်ကာ လေးငါးခြောက်ချက် ပစ်ခတ်ခဲ့ပြီးနောက် ရယ်မောကာ အိမ်ခန်းထဲ့သို့ ပြန်ဝင်လာခဲ့တာကို ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။
သူ့ရဲ့အပြုမူကြောင့် လူတွေက ထိတ်လန့်ကာ ရဲကိုဖုန်းဆက်အကြောင်းကြားနေကြတာကို ဗီဒီယိုရိုက်ပေးတဲ့ သူ့သူငယ်ချင်းက သတိပေးခဲ့ပါတယ်။ ဒါပေမယ့်သူက အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်ပါ တင်ခဲ့ပါတယ်။
နောက်ထပ်နာရှအနည်းငယ်အကြာမှာပဲ ရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရပြီး၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မသိရှိရသေးပေ။








