BEC-TERO TV

နာတာရှည်ခေါင်းကိုက်နေသူ၏ နားထဲတွင် ပင့်ကူတစ်ကောင်နေထိုင်ကြောင်းတွေ့ရှိ

02 Nov 2017     1,593 Views


အိန္ဒိယနိုင်ငံမှ လက်ခ်ျမီးဆိုသူ အမျိုးသမီးတစ်ဦး ခေါင်းကိုက်ဝေဒနာကို ကြာမြင့်စွာ ခံစားနေရပြီး၊ ဆေးမျိုးစုံသောက်ပေမယ့် မသက်သာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မခံမရပ်နိုင်အောင် ခေါင်းကိုက်လာတာကြောင့် ဆေးရုံသွားပြကြည့်တဲ့အခါ သူမရဲ့ နားထဲမှာ ပင့်ကူတစ်ကောင်က အသိုက်ဖွဲ့နေထိုင်နေတာကို ထိန့်လန့်စွာ တွေ့ရှိခဲ့ပါတယ်။

အိမ်ရှေ့ဝရန်တာမှာ ထွက်အိပ်မိခဲ့ရာက စတင်ဖြစ်နိုင်တယ်လို့ က်ခ်ျမီး ကပြောပါတယ်။ ဆရာဝန်များရဲ့ စစ်ဆေးချက်အရ ပင့်ကူဟာ သူမရဲ့ နားကို တော်တော်ကြီး ထွင်းထားပြီး အထဲမှာ နေထိုင်နေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

လက်ခ်ျမီးကို ကုသပေးတဲ့ ဆရာဝန်ဖြစ်သူ Dr.Santosh Shivaswamy က လူတွေရဲ့ နားထဲကို ဒီလို ထူးထူးဆန်းဆန်းတွေ ဝင်တတ်တယ်ဆိုပေမယ့် လက်ခ်ျမီးရဲ့ ကိစ္စက သူများနဲ့မတူပဲ သူပထမဆုံးတွေ့ဖူးတဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးမှာတော့ လက်ခ်ျမီးရဲ့ နားထဲမှာ ခိုအောင်းနေထိုင်တဲ့ ပင့်ကူကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။
 


02 Nov 2017     1,593 Views




RELATED

Most Popular of Special or Others

Most Popular of NEWS