BEC-TERO TV

နယ်သာလန်ကျောင်းသားများ တီထွင်လိုက်သည့် ကမ္ဘာ့ပထမဦးဆုံး ဇီဝအခြေပြုကား

06 Nov 2017     1,396 Views


နယ်သာလန်နိုင်ငံ အန်ဒ်ဟိုဗန် နည်းပညာတက္ကသိုလ်က ကျောင်းသားတွေက လီနာလို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဦးဆုံးသော ဇီဝအခြေပြုကားတစီးကို ထုတ်လုပ်လိုက်တယ်လို့ စီဂျီတီအန်သတင်းမှာ နိုဝင်ဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။
 
ထိုင်ခုံလေးလုံးပါ လျှပ်စစ်ကားတခုလုံးကို ပြန်လည်သုံးစွဲလို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ တည်ဆောက်ထားပြီး ဒီနှစ်နွေရာသီမှာ လမ်းပေါ် တရားဝင်သွားလို့ ရလာသလို ဘေးအန္တရာယ်ကင်းရေး အောင်လက်မှတ်လည်း ရခဲ့တယ်လို့ သိရပါတယ်။ကားရဲ့ဒီဇိုင်းကို နယ်သာလန် ကျောင်းသားအဖွဲ့ကပဲ ဆွဲခဲ့တာဖြစ်ပြီး ကားရဲ့အလေးချိန်က ၃၁၀ ကီလိုဂရမ်ပဲ လေးတယ်၊ အမြင့်ဆုံး ၁ နာရီ ကီလိုမီတာ ၈၀ အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။
“ပစ္စည်း ၂ ခုကို ပေါင်းစပ်ထားလို့ ကားက ခိုင်ခန့်မှု ရှိပါတယ် တခုက ပျားလဘို့ ဒါကို ကြားမှာ ထည့်ထားလို့ ဒီအပေါ်ကို ဖိလိုက်ရင် အဲ့ဒါက အရမ်းကို ခိုင်ခန့်ပါတယ်။ ဒီအချပ်ပြား ၂ ခုကို ပျားလဘို့ရဲ့ အပေါ်မှာနဲ့ အောက်ဘက်မှာ ဆင်းဒွစ်ရှ်လို ဘောင်ခတ်ထားလို့ ဆွဲဆန့်ဖို့ ခက်ပါတယ်” လို့ တီထွင်ထုတ်လုပ်သူ ကျောင်းသားအဖွဲ့ရဲ့ စီမံကိန်း မန်နေဂျာ ဂျယ်လီဗွန့်က ပြောပါတယ်။
ကားကို အများပြည်သူ သုံးစွဲလို့ရအောင် ဆောင်ရွက်မှာ ဖြစ်ပြီး ကားတီထွင်သူတွေက လူတွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရား မြှင့်တင်နိုင်ဖို့ ကြိုးစားအားထုတ်ခဲ့တာလို့ သိရပါတယ်။
 
Credit >>> burmese.dvb.no

06 Nov 2017     1,396 Views




RELATED

Most Popular of Special or Others

Most Popular of NEWS